A d v e r t i s e m e n t With Us

နိုင်ငံတောင်ပိုင်း ခရိုင် ၈ ခုတွင် ရေကြီးမည်ဟု ထိုင်းအာဏာပိုင်များ သတိပေး

ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံ တောင်ပိုင်းက ခရိုင်အနည်းဆုံး ၈ ခုမှာ ရေကြီးမယ်လို့ သတိပေးထားပါတယ်။ လာမယ့် ရက်တွေအတွင်းမှာ မိုးစဲသွားမယ့် အရိပ်လက္ခဏာ မရှိတဲ့အပြင် သည်းထန်လာမယ်လို့ မိုးလေ၀သဌာန ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ Residents in southern Thailand border provinces brace for more floodsအထူးသဖြင့် ဖာတာ လန်း၊ ဆွန်ခလာ၊ ပါတာနီ၊ ရေလာနဲ့ နရာသီဝပ် ခရိုင်တို့မှာ မိုးသည်းထန်မယ်လို့ သတိပေးထားပါတယ်။ အရှေ့မြောက်ဒေသ မုတ်သုံကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဇန်န၀ါရီလ ၁ ရက်နေ့အထိ မိုးသည်းထန်မယ်လို့ သတိပေးထားပါတယ်။ ရေလာခရိုင် အာဏာပိုင်တွေဟာလည်း ရေကြီးနိုင်တာကို ကာကွယ်ဖို့ ကြိုတင် အတားအဆီးတွေကို ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံ သဘာဝကပ်ဘေး တားဆီးရေးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့ ကြေညာချက်အရ တောင်ပိုင်းခရိုင် ၈ ခုကို သဘာဝကပ်ဘေး ကျရောက်မယ့် ဒေသတွေ အဖြစ် ကြေညာထားပါတယ်။ ရေကြီးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ယောက် ရှိထားပြီး ဖြစ်သလို ၅ ယောက်က ဒဏ်ရာရထားပါတယ်။ အိမ်ခြေပေါင်း ၁၈၄၀၀၀ ဟာလည်း ထိခိုက်ခဲ့ပြီး လူဦးရေ ၈ ထောင် နေရာပြောင်းရွေ့ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up