ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တောရက်စ် အေစီမီလန်ကို အပြီးသတ်ပြောင်းရွှေ့မည်

1.6K
အေစီမီလန်မှာ ၂ နှစ် အငှားစာချုပ်နဲ့ သွားကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ စီရီးအေကလပ် အေစီမီလန်ကို အပြီးသတ်ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တောရက်စ်ဟာ အေစီအတွက် ၁၀ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
စပိန်တိုက်စစ်မှူးဟာ ၂၀၁၁ ဇန်နဝါရီမှာ လီဗာပူးကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာပါ။ ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီး အေစီမီလန်မှာ အငှားနဲ့ သွားကစားတာလည်း ဖြစ်ပါတယ်။
တောရက်စ်ဟာ ချဲလ်ဆီးက ထွက်လာပြီးကတည်းက သူကြီးပြင်းခဲ့တဲ့ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် ဆီကို ပြန်သွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပေမယ့် နောက်ဆုံးမှာ အေစီမီလန်ကိုသာ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။
တောရက်စ်ရဲ့ ကစားသမားဘဝတလျှောက်မှာ အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ အေစီမီလန်တို့မှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။