A d v e r t i s e m e n t With Us

ရေနံယိုဖိတ်မှုကြောင့် ဒီဘောင်တီအစိုးရနှင့် ရေနံကုမ္ပဏီကြီးများ တရားရင်ဆိုင်နေရ

အာဖရိက ဦးချိုစွန်းက ဒီဘောင်တီအစိုးရဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ယိုဖိတ်ခဲ့တဲ့ ရေနံနဲ့ ဓာတ်ဆီ ဂါလံ ၇ ထောင်ကျော်အရေး နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ Djibouti's environment still suffering 20 years after oil leakageမိုဘီလ်၊ ရှဲ နဲ့ တိုတယ် ရေနံကုမ္ပဏီကြီးတွေပိုင်တဲ့ ရေနံလှောင်ကန်တွေကနေ စိမ့်ထွက်ခဲ့တာပါ။ ဒါကြောင့် ဒီဘောင်တီ ဆိပ်ကမ်းရဲ့ ဧရိယာစတုရန်းမီတာ ၃ သိန်း ၈ သောင်း ၂ ထောင် ရှိတဲ့ ဒေသကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ ဆိပ်ကမ်းကို ပြန်သန့်စင်ဖို့ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၈၃ သန်း လိုတယ်လို့ ဒီဘောင်တီ အစိုးရက ပြောပေမယ့် ကုမ္ပဏီတွေကတော့ ဒီငွေပမာဏကို ပေးဖို့ငြင်းဆိုခဲ့ပြီးပါပြီ။ “သူတို့ကုမ္ပဏီတွေက သူတို့နိုင်ငံမှာ ဒါမျိုး ရာဇဝတ်မှုလုပ်ရင် သူတို့ ပိတ်ပစ်တယ်။ ဒါမျိုး သဘောထားကို အာဖရိက က လက်မခံဘူး”လို့ ရှေ့နေ အာရစ်ဖ် မိုဟာမဒ်က ပြောပါတယ်။ ဒီဘောင်တီနိုင်ငံဟာ ဒီအရေးကြောင့် ဆိပ်ကမ်းကို နေရာရွှေ့ခဲ့ရပါတယ်။ အရှေ့အာဖရိကရဲ့ အသေးဆုံးနိုင်ငံအတွက် ဒါဟာ အပိုငွေကုန်တဲ့ ကိစ္စပါ။ အစိုးရကတော့ ဒီအရေးကို နိုင်ငံတကာခုံရုံးမှာ တင်ပြီး တရားစွဲမယ်လို့ ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကတော့ “ဒီဘောင်တီဆိပ်ကမ်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ချက်ချင်းကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဖို့လိုတယ် မလုပ်ရင် ရေရှည်သက်ရောက်မှုတွေက ပြန်အဖတ်ဆယ်လို့ မရနိုင်တော့ဘူး”လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up