တိုက်စစ်မှူး ဘာလိုတယ်လီ အသင်းကစားကွက်နဲ့ အံမ၀င်ဟု လီဗာပူးနည်းပြ ပြော

997
တိုက်စစ်မှူး ဘာလိုတယ်လီဟာ အသင်းကစားကွက်နဲ့ အံမဝင်ဘူးလို့ လီဗာပူးနည်းပြ ဘရန်ဒန်ရော်ဂျာ က ပြောလိုက်ပါတယ်။ လီဗာပူးအသင်းရဲ့ တိုက်စစ်ဆင်နေတဲ့အချိန် တဖက်အသင်းအပေါ် ဖိထားတဲ့ ကစားကွက်မှာ ဘာလိုတယ်လီအတွက် နေရာမရှိဘူးလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ စတားရေ့ဂ်ျ တို့ ရှိခဲ့ပြီး တဖက်နောက်ခံလူတွေကြား အတင်းတိုးဝင်ထိုးဖောက်တဲ့ ကစားဟန်ကြောင့် လီဗာပူးအသင်း ကစားကွက်ဟာ မနှစ်က အရမ်းကောင်းမွန်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီနှစ်မှာတော့ ရလဒ်တွေ ဆိုးဝါးနေပြီး လာမယ့်အပြောင်းအရွှေ့မှာ ရော်ဂျာအနေနဲ့ ကစားသမားသစ်တွေ ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။