AirAsia လေကြောင်းလိုင်းမှ လေယာဉ်တစီး ပျောက်ဆုံးနေ

2.2K
အင်ဒိုနီးရှားကနေ စင်ကာပူကို ထွက်ခွာသွားတဲ့ AirAsia လေကြောင်းလိုင်းမှ လေယာဉ်အမှတ် QZ 8501 ခရီးသည်တင်လေယာဉ် ဒီနေ့နံနက်ပိုင်းက ပျောက်ဆုံးနေကြောင်း AirAsia လေကြောင်းလိုင်းမှ အတည်ပြု ပြောဆိုလိုက်ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၂ ဦး လိုက်ပါစီးနင်းသွားပြီး ဒေသစံတော်ချိန် မနက် ၇ နာရီကျော်မှာ လေယာဉ်နဲ့ လေကြောင်းထိန်းသိမ်းရေး စခန်းတို့ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြို့တော် ဆူရာဘာရာမြို့နဲ့ စင်ကာပူနိုင်ငံအကြား ဂျာဗားပင်လယ်ပြင်မှာ လေကြောင်း အဆက်အသွယ်ပြတ်တောက်ခဲ့တာလို့လည်း အင်ဒိုနီးရှားသယ်ယူပို့ ဆောင်ရေးအရာရှိ ဟဒီ မူဆတိုဖာ က ဒေသခံသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။
လေယာဉ်ပျောက် ရှာဖွေရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့လည်း AirAsia လေကြောင်းလိုင်းက ပြောဆိုပါတယ်။