A d v e r t i s e m e n t With Us

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်သမ္မတ အိုဘားမားကို “မျောက်” ဖြင့် ခိုင်းနှိုင်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကို သရော်ရိုက်ကူးထားတဲ့ The Interview ရုပ်ရှင် ရုံတင်ပြသလိုက်အပြီး မြောက်ကိုရီးယားနိုင်ငံက အမေရိကန်သမ္မတ အိုဘားမားကို “မျောက်” ဆိုပြီး ခိုင်းနှိုင်းပုတ်ခတ်လိုက်ပါတယ်။ the interviewThe Interview ရုပ်ရှင်ကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီကွန်ပြူတာစနစ် ထိုးဖောက်ခံရပြီး နောက်ပိုင်း အပြန်အလှန်စွပ်စွဲကြရင်းနဲ့ မြောက်ကိုရီးယားနိုင်ငံက အခုလို နောက်ဆုံး ပုတ်ခတ်လိုက်တာပါ။ မြောက်ကိုရီးယားနိုင်ငံ အမျိုးသားစစ်ကော်မရှင်က ကြေညာချက်ထုတ် ပုတ်ခတ်ခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ပြသဖြစ်လာရတာက သမ္မတအိုဘားမားကြောင့်လို့လည်း စွပ်စွဲထားပါတယ်။                    ကင်ဂျုံအန်း ကို လုပ်ကြံဖို့ ဇာတ်လမ်းနဲ့ ဒီ Interview ဆိုတဲ့ရုပ်ရှင်ဟာ အဓိပ္ပါယ်လည်းမရှိ၊ ဖောက်ပြန်ရေးရုပ်ရှင်ဆိုပြီးတော့လည်း ပါရှိပါတယ်။ အိုဘားမားရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံတွေဟာ တောထဲက မျောက်တကောင်နဲ့ တပုံထဲပဲလို့ နိုင်ငံပိုင်သတင်းဌာနက ဖတ်ပြခဲ့တာပါ။ ဒီတပတ်ထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်ကွန်ရက်တွေ အကုန်လိုင်းကျခဲ့ပြီး ဒါဟာ အမေရိကန်နိုင်ငံရဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ငြင်းပယ်ခဲ့ပေမယ့် ဆိုနီကွန်ပြူတာစနစ်ထိုးဖောက်ခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ ပြောဆိုအပြီးမှာ အခုလို မြောက်ကိုရီးယားအင်တာနက်လိုင်းတွေ ကျခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်သမ္မတနဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပုတ်ခတ်ပြောဆိုတာ အခုမှမဟုတ်ပါဘူး။ ဒီနှစ်ဆန်းပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ကြောက်စရာ မေးရိုးကြီးနဲ့ မြေခွေးလို့ ပြောဆိုခဲ့သလို တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး ကိုလည်း ပြည့်တန်ဆာမ ဆိုပြီး ပုတ်ခတ်ခဲ့တာပါ။ အခုနောက်ဆုံး ပုတ်ခတ်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က တုံ့ပြန်ပြောဆိုမှု မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up