၂၀၁၃ အကယ်ဒမီ ရွေးချယ်မှု ဒီဗွီဘီစာမျက်နှာအစီစဉ် နောက်ဆုံးရလဒ်

1.5K
ဒီဗွီဘီ အကယ်ဒမီစာမျက်နှာမှာ ၂၀၁၃ ခုအတွက် အကောင်းဆုံး ဇာတ်ကားဆု စေတန်ရဲ့ ကချေသည်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုက နေတိုးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကတော့ အိန္ဒြာကျော်ဇင်ကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆုတွေ ဒီနေ့ ကြေညာချက်တဲ့အချိန်မှာတော့ အကောင်းဆုံး ဇာတ်ကားဆုကို ကြေညာခဲ့ခြင်းမရှိဘဲ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ပြေတီဦးက ရရှိခဲ့ပြီး၊ အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ၀တ်မှုန်ရွှေရည်တို့က အသီးသီးရရှိခဲ့ပါတယ်။