ဂျပန်ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘော နစ်မြှုပ်၊ မြန်မာ ၁ ဦး သေဆုံး
DVB
·
December 27, 2014
ဂျပန်နိုင်ငံ အအိုမိုရီအနီး ဂျပန်ပင်လယ်ပြင်မှာ ဒီဇင်ဘာ ၂၆ ရက်က ကမ္ဘောဒီးယားအလံတင် ကုန်သင်္ဘောနစ်မြုပ်ခဲ့ပြီး မြန်မာသဘောင်္သား ၁ ဦးသေဆုံးခဲ့ပါတယ်။
ဂျပန်နိုင်ငံ အမှတ် ၂ အအိုမိုရီကမ်းခြေစောင့်ကယ်ဆယ်ရေးအဖွဲ့က နှင်းမုန်တိုင်းကြားက သင်္ဘောလိုက်ပါသူ ၁၀ ဦးစလုံးကို ဆယ်ယူနိုင်ခဲ့ပေမယ့် မြန်မာ ၁ ဦးနဲ့ တရုတ် ၂ ဦး အသက်ဆုံးရှုံးခဲ့တာပါ။
အရှည် ၇၉ မီတာ နဲ့ တန် ၁၉၁၅ ရှိတဲ့ ကမ္ဘောဒီးယားအလံတင် ကုန်သင်္ဘောဟာ ဂျပန်နိုင်ငံဟော် ကိုင်ဒိုးခရိုင် ဟကိုတတေကနေ ကုန်တင်ပြီး တောင်ကိုရီးယားကို အသွားမှာ နှင်းအကြီးအကျယ် ကျရောက်ကာ ရာသီဥတု အရမ်းဆိုးဝါးနေတဲ့အချိန် အအိုမိုရီခရိုင်မှာ နစ်မြုပ်ခဲ့တာပါ။
ဒီဇင်ဘာ ၂၅ ရက်နေ့ည ၁၁ နာရီ ၁၅ မိနစ်မှာ အဆိုပါသင်္ဘောက တိုကျိုသင်္ဘော အေဂျင်စီ ကတဆင့် အကူအညီတောင်းခံတာကို စတင်လက်ခံရရှိခဲ့တာလို့ အအိုမိုရီ ကမ်းခြေစောင့်အဖွဲ့က ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ရာသီဥတု အရမ်းဆိုဝါးနေလို့ ကယ်ဆယ်ရေးစတင်လုပ်ချိန် နံနက် ၅ နာရီခွဲ ခန့်မှာတော့ သင်္ဘောက တဘက်စောင်းပြီး နစ်မြှုပ်နေပြီလို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ မနက် ၄ နာရီက နှင်းမုန်တိုင်းက တနာရီ ၁၆ မီတာ လောက်ရှိတယ်လို့ ဆိုပါတယ်။