ဘင်္ဂလားဒေ့ရှ်တွင် ပေ ၃၀၀ အနက်ရှိ စွန့်ပစ်ရေတွင်းထဲပြုတ်ကျသည့် ကလေးငယ်ကို ကယ်တင်

1.9K
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ပေ ၃၀၀ နက်တဲ့ ပိုက်ထဲကို ပြုတ်ကျ ပိတ်မိနေတဲ့ ၄ နှစ်သား ယောက်ျားလေး ဇီယောကို ကယ်ဖို့ ညလုံးပေါက် ကြိုးစားနေကြပြီး ရာနဲ့ ချီတဲ့ လူတွေ ဒီဇင်ဘာလ ၂၆ ရက်နေ့ညက စောင့်ကြည့်နေကြပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရုပ်သံဌာနတွေက ရိုက်ကူးရေးအဖွဲ့ဝင်တွေရဲ့ မီးရောင်တွေ အောက်မှာ မီးသတ်သမားတွေက ရှာဂျာဟန်ပါမြို့နယ်အတွင်း ပေ ၃၀၀ နက်တဲ့ စွန့်ပစ်ရေတွင်းထဲက ရေပိုက်ထဲမှာ ပိတ်မိနေတဲ့ကလေးကို ကယ်ဖို့ ကြိုးစားနေပါတယ်။
ကလေးတွေက မီးရထားနယ်မြေထဲမှာကစားနေတုန်း ဒေသစံတော်ချိန်ညနေ ၃ နာရီခွဲလောက်က ပြုတ်ကျသွားတာလို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။
မတော်တဆဖြစ်ရာကို မီးသတ်တပ်ဖွဲ့ ၃ ဖွဲ့ ချက်ချင်းရောက်လာပြီး ကြိုးတချောင်းချပေးပြီး ကယ်ဖို့ ကနဦးကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။ ၁၄ လက်မအချင်းရှိတဲ့ ရေပိုက်ကြောင့် ဘယ်သူမှ အောက်ဆင်းပြီး ကယ်ဖို့ မဖြစ်နိုင်ခဲ့တာပါ။
ကလေးကို ကူညီဖို့ အောက်ဆီဂျင်ဓာတ်ငွေ့ ပေးထားသလို ရေနဲ့ စားစရာတွေလဲ ချပေးထားတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဇီယောကို ကယ်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ ပိုက်ရဲ့အစိတ်အပိုင်းတွေကို ဝန်ချီစက်နဲ့ ဖယ်ထုတ်ဖို့ ကြိုးစားနေဆဲပါ။