A d v e r t i s e m e n t With Us

လစ်ဗျားရှိ အကြီးဆုံးရေနံ သိုလှောင်ကန် ဒုံးကျည်ထိမှန်မှုကြောင့် မီးလောင်

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက အကြီးဆုံးရေနံဆိပ်ကမ်းမြို့ဖြစ်တဲ့ အက်စ်ဆိုက်ဒါမြို့မှာ ရေနံသိုလှောင်ကန်ကြီးတခု ဒီဇင်ဘာလ ၂၅ ရက်နေ့က တိုက်ခိုက်မှုတွေအတွင်း ဒုံးကျည်ထိမှန်ပြီး မီးစွဲလောင်နေပါတယ်။ Black smoke billows out of a storage oil tank in the port of Es Sider in Ras Lanuf၂၀၁၁ ခုနှစ်က အာဏာရှင်ကဒါဖီးကို ဖြုတ်ချခဲ့ကြတဲ့ သူပုန်တပ်ဖွဲ့တွေက ကိုယ်ပိုင် အစိုးရတွေ ခွဲထွက်ထူထောင်ထားကြပြီး နိုင်ငံရဲ့ရေနံမြေတွေနဲ့ ရေနံဆိပ်ကမ်းတွေကို စိုးမိုးခွင့်ရရေး တိုက်ခိုက်နေကြတာပါ။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာပဲ အက်စ်ဆိုက်ဒါမြို့အရှေ့ဖက်က ဆာတီမြို့မှာလည်း ပြိုင်ဖက်သူပုန်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ကြပြီး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ လစ်ဗျားအာရုံဦးလို့ခေါ်တဲ့အုပ်စုက သြဂုတ်လက မြို့တော်ကိုသိမ်းပြီး ပြိုင်ဘက် အုပ်စုကို နှင်ထုတ်ပြီး ဝန်ကြီးချုပ်သစ် တင်မြှောက်ခဲ့ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဝန်ကြီးချုပ် အဗ်ဒူလာ အယ်လ်သင်းနီကို နိုင်ငံအရှေ့ပိုင်းကို ဖိအားပေးထုတ်ပစ်ခဲ့ပြီးတည်းက လောလောဆယ်မှာ လစ်ဗျားနိုင်ငံတွင်း အစိုးရနဲ့ လွှတ်တော် ၂ စုံ ရှိနေတာပါ။ အယ်လ်သင်းနီက လစ်ဗျားအာရုံဦးအဖွဲ့ဟာ အစ္စလာမစ် စစ်သွေးကြွတွေကို မှီခိုနေတယ်လို့ စွပ်စွဲပြီး ထရီပိုလီ အခြေစိုက် လစ်ဗျားအာရုံဦး အဖွဲ့ကလည်း အယ်လ်သင်းနီဟာ ဗိုလ်ချုပ်ဟောင်း ခါလီဖာ ဟဲ့ဖ်တာအပါအဝင် ကဒါဖီရဲ့ အရာရှိဟောင်းတွေနဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားရဲ့ ရေနံစိမ်း တရက်ကို စည်ပေါင်း ၃သိန်းခွဲကျော် လျော့ပါးစေတယ်လို့ အမျိုးသား ရေနံကော်ပိုရေးရှင်းရဲ့ ပြောခွင့်ရက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up