A d v e r t i s e m e n t With Us

ရော်နယ်ဒို အသင်းဟောင်း မန်ယူကို ပြန်သွားမယ်ဆိုသည့်သတင်း အေးဂျင့် ငြင်းဆို

ronaldoရီရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်း မန်ယူကို ပြန်သွားလိမ့်မယ်ဆိုတဲ့ သတင်းတွေကို အေးဂျင့်ဖြစ်သူက ငြင်းဆိုလိုက်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ရီရဲလ်မက်ဒရစ်အသင်းကို ဒီထက် အောင်မြင်အောင် လုပ်ပေးချင်တဲ့ ဆန္ဒ ရှိနေတဲ့အတွက်  ကစားသမားဘ၀ကို ဒီမှာပဲ အဆုံးသတ်လိမ့်မယ်လို့လည်း အေးဂျင့်က ပြောဆိုထားပါတယ်။ အသက် ၂၉  နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေပြီး ၂၇ ပွဲမှာ ၃၄ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဒီနှစ်မှာပဲ ၂ နှစ်ဆက်တိုက် ရဖို့အတွက် ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up