A d v e r t i s e m e n t With Us

နေမီးလျှံ ပေါက်ကွဲမှုရုပ်ပုံ နာဆာ အဖွဲ့ ဖမ်းယူနိုင်ခဲ့

solar-flareအမေရိကန် အမျိုးသား အာကာသသိပ္ပံအဖွဲ့ကြီး နာဆာရဲ့ နေလှုပ်ရှားမှုနဲ့ အင်အားဆိုင်ရာ ပညာရပ်ကို လေ့လာစောင့်ကြည့်ရေးဌာနက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ နေရဲ့ မျက်နှာပြင်မှာ ဖြစ်ခဲ့တဲ့ X အဆင့်သတ်မှတ် ထားတဲ့ နေမီးလျှံ ပေါက်ကွဲမှုရုပ်ပုံကို ဖမ်းယူနိုင်ခဲ့ပါတယ်။ နေမီးလျှံတွေဟာ အားပြင်းတဲ့ဓာတ်ရောင်ခြည် ပေါက်ကွဲမှုဖြစ်တယ်လို့ နာဆာက ဆိုပါတယ်။ ကမ္ဘာမြေရဲ့လေထုအလွှာကို ဖြတ်သန်းဝင်ရောက်နိုင်စွမ်း မရှိတဲ့အတွက် ဓာတ်ရောင်ခြည် တွေရဲ့ ဘေးရှိတဲ့သက်ရောက်မှုက လူသားတွေအပေါ် မကျရောက်ဘူးလို့ နာဆာက ပြောပါတယ်။ ဒါပေမယ့် ပြင်းအားက လုံလောက်ခဲ့ရင် ဓာတ်ရောင်ခြည်တွေဟာ ဂျီပီအဲ့စ်နဲ့ ဆက်သွယ်ရေး အချက်ပြလှိုင်းတွေ သွားလာရာ လေထုအလွှာကို နှောက်ယှက်နိုင်ပါတယ်။ နာဆာရဲ့ အဆိုအရ X အဆင့် နေမီးလျှံတွေဟာ မီးလျှံအဆင့်တွေထဲမှာ ပြင်းအားအမြင့်ဆုံး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up