
ဟောင်ကောင် အထူးစီမံအုပ်ချုပ်ရ ဒေသရဲတွေက ခရစ္စမတ်အကြိုညမှာ စီးပွားရေး နယ်မြေကို ပိတ်ဆို့ ဆန္ဒပြနေတဲ့ လူအယောက် ၁၀၀ နီးပါးကို ရပ်ခိုင်းခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ခရစ္စမတ်ည ၉ နာရီ လောက်မှာ မောင်းကွတ်ရပ်ကွက်က လမ်း ၂ ခုမှာ စီတန်းလှည့်လည်ခဲ့တာပါ။ စီတန်းမှုအတွင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ဈေးဝယ်တွေက ဆိုင်တွေထဲ မသွားနိုင် ဖြစ်ခဲ့ပါတယ်။ တချို့ဆိုင်တွေကတော့ စောစော ပိတ်ခဲ့ရပါတယ်။
ရဲတွေက ဆန္ဒပြသူတွေထွက်သွားဖို့ ထပ်ခါတလည်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတချို့ကတော့ ရဲတွေရဲ့ သတိပေးချက်ကို လျစ်လျူရှုပြီး အနားကရပ်ကွက်ထဲက လူနေအိမ်တွေထဲ ကျူးကျော် ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူတပါးအိမ်ထဲ ချိုးဖောက်ဝင်ရောက်တဲ့ ဆန္ဒပြသူ အယောက် ၃၀ ကျော်ကို ရဲတွေက ဖမ်းခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ သူတပါးရဲ့ဘေးကင်းမှုကို လျစ်လျူရှုတဲ့ ဘယ်လို အားထုတ်မှုကိုမဆို တားဆီးဖို့ ဆုံးဖြတ်ချက် ချရမယ့် အချိန်မှာ ဥပဒေကို အာဏာတည်အောင် လုပ်မယ်လို့ ဟောင်ကောင်ရဲတွေက ထပ်ပြီး အတည်ပြု ပြောဆိုခဲ့ပါတယ်။