တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ ဒေသခံရဲတွေက ကြောင်တွေကိုခိုးပြီး ကုန်ကူးဖို့ စီစဉ်သူတွေလို့ သံသယရှိတဲ့ တအုပ်စုကို ဖမ်းမိခဲ့ပါတယ်။
အခိုးခံ ကြောင်ကောင်ရေ တထောင်ကျော် ရှိပြီး ပိုင်ရှင် တွေကို စောင့်နေတယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။
အိမ်မွေးနဲ့ တောရိုင်းကြောင်တွေကို တခြားပြည်နယ်တွေက လူ ၆ ယောက်က ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

တခြားနေရာတွေမှာ စားဖို့နဲ့အသုံးအဆောင်ပစ္စည်းလုပ်ဖို့ တရားမဝင် ပြန်ရောင်းကြမယ်လို့ သိရကြောင်း ရဲတွေက ပြောပါတယ်။
မှောင်ခိုကုန်ကူးသူလို့ ယူဆရတဲ့ သံသယရှိသူတွေဟာ ဒီလအစောပိုင်းမှာ ဒါလီယန်မြို့ကို ရောက်လာပြီး ညတိုင်း ကြောင်ရှာထွက်နေခဲ့ကြတယ်လို့ ပြောပါတယ်။
အင်တာနက်ပေါ်မှာ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးအတွေ့အကြုံတွေကို မျှဝေကြတဲ့ တိရစ္ဆာန်ချစ်သူများအုပ်စုက သူတို့ကို သတိထားမိခဲ့ကြတာပါ။
အိမ်မွေးတိရစ္ဆာန် ချစ်သူတွေရဲ့ အကူအညီနဲ့ ရဲတွေက ရွာထဲက ကြောင်ထားရာ နေရာကို တွေ့ခဲ့ပြီး သံသယရှိသူ ၆ ယောက်ကို ဖမ်းနိုင်ခဲ့ပါတယ်။ ခုတော့ ကြောင်ကောင်ရေ ၃၀၀ ကျော်ကို သူတို့ရဲ့ ပိုင်ရှင်တွေက ပြန်ရွေးယူသွားကြပါတယ်။