A d v e r t i s e m e n t With Us

၁၃ ရာစုက နစ်မြုပ်ခဲ့သည့် တရုတ်ရှေးဟောင်း သင်္ဘောပျက်တစီး ပြန်လည်တွေ့ရှိ

ဓာတ်ပုံ - chinadaily.com.cn
၁၃ ရာစုက နစ်မြုပ်ခဲ့တဲ့ တရုတ်ရှေးဟောင်း သင်္ဘောပျက်တစီးကနေ အဖိုးတန်ရှေးဟောင်း ပစ္စည်း အများအပြားကို တရုတ်ရှေးဟောင်းပစ္စည်ထိန်းသိမ်းရေးအဖွဲ့က ပြန်လည် တွေ့ရှိခဲ့ပါတယ်။ [caption id="attachment_75099" align="alignright" width="418"]ဓာတ်ပုံ - chinadaily.com.cn ဓာတ်ပုံ - chinadaily.com.cn[/caption] ၁၃ ရာစုက တရုတ်နိုင်ငံတောင်ပိုင်း စုန့်မင်းဆက်ခေတ်က ကုန်သည်သင်္ဘောဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက ဆယ်ယူရရှိခဲ့တာလည်းဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ရေအနက်မီတာ ၃၀ မှာ နစ်မြုပ်နေခဲ့ပြီး တရုတ်ရေပိုင်နက် အတွင်း နစ်မြှုပ်ခဲ့သမျှ ရှေးဟောင်းသင်္ဘောတွေထဲမှာ ရှေးအကျဆုံးနဲ့ အကြီးဆုံး ကုန်သည်သင်္ဘောလည်းဖြစ်ပါတယ်။ လောလောဆယ်ချိန်အထိ ကြွေအသုံးအဆောင်ပစ္စည်း ၉၅၀ ကျော်၊ ရွှေထည်ပစ္စည်း ၁၂၀ ကျော်နဲ့ ငွေထည်ပစ္စည်း ၁၀ ခုကျော် ရှာဖွေရရှိထားပါတယ်။ သစ်စေ့မျိုးစေ့တွေ၊ တိရစ္ဆာန်အရိုးစုတွေနဲ့ ကြေးနီပြားတွေ ထောင်ချီပြီးတော့လည်း ရရှိထားပါတယ်လို့ ရေအောက်ရှေးဟောင်း ပစ္စည်းကာကွယ်ထိန်းသိမ်းရေးစင်တာ ညွှန်ကြားရေးမှူး ဆန်းဂျိန်း က ပြောပြပါတယ်။ နန်ဟိုင်သင်္ဘော နံပတ် ၁ လို့ အမည်ရတဲ့ ဒီကုန်သည်သင်္ဘောဟာ အရှည်ပေ ၇၀ ကျော်နဲ့ အကျယ်ပေ ၃၁ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။ အားလုံးရှာဖွေပြီးချိန်မှာတော့ ရှေးဟောင်းပစ္စည်း ၆ သောင်းကနေ ၈ သောင်းအထိ ရရှိလိမ့်မယ်လို့လည်း ပြောဆိုပါတယ်။ နာမည်ကျော် ပိုးလမ်းမကြီးလိုပဲ ပိုး ရေကြောင်းလမ်းဟာလည်း အရှေ့နဲ့အနောက် ယဉ်ကျေးမှုနှစ်ခုကို ဆက်သွယ်ပေးရာ လမ်းကြောင်းတကြောင်းဖြစ်ခဲ့တယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up