အသင်းကြီးအားလုံး အနိုင်ရသွားသည့် ပရီးမီးယားလိဂ်ရလဒ်

876
ပရီးမီးယားလိဂ်ရဲ့ ပွဲကြပ်ရက် ကာလအတွင်း ဒီဇင်ဘာ ၂၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ယူ၊ အာစင်နယ်နဲ့ လီဗာပူးတို့ နိုင်ပွဲ ကိုယ်စီ ရသွားပါတယ်။
ချဲလ်ဆီးက အိမ်ကွင်းမှာ ၀က်စ်ဟမ်းကို တဖက်သတ် ဖိကစားပြီး တယ်ရီ၊ ကော်စတာတို့ရဲ့ သွင်းဂိုး၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။
မန်ယူကလည်း အိမ်ကွင်းမှာ နယူးကာဆယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဂိုးတွေကို ရွန်နီနဲ့ ဗန်ပါစီက သွင်းယူပါတယ်။
မန်စီးတီးကတော့ အဝေးကွင်းမှာ ၀က်စ်ဘရောင်းကို ၃ ဂိုး ၁ဂိုး၊ အာစင်နယ်က အိမ်ကွင်းမှာ တယောက်အထုတ်ခံရပေမယ့် ကျုပီအာကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
လက်ရှိ အမှတ်ပေးဇယားကို ချဲလ်ဆီးက ၄၅ မှတ်နဲ့ ဦးဆောင်နေပြီး မန်စီးတီးက ၄၂ နဲ့ အဆင့် ၂၊ မန်ယူက ၃၅ မှတ်နဲ့ အဆင့် ၃၊ အာစင်နယ်က အမှတ် ၃၀ နဲ့ အဆင့် ၆မှာ အသီးသီး ရပ်တည်နေပါတယ်။
ပွဲကြပ်ရက် ကာလအတွက် ဒုတိယပွဲစဉ်တွေကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
