A d v e r t i s e m e n t With Us

အိုလံပစ်ရွှေတံဆိပ်ဆုရ စက်ဘီး အားကစားသမား ၂ ဦး စေ့စပ်

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့တဲ့ ဗြိတိန် ကိုယ်စားပြု စက်ဘီးအားကစားသမား လော်ရာထရော့နဲ့ ဂျေဆင်ကင်နီတို့ စေ့စပ်လိုက်ပြီလို့ ကြေညာ ပါတယ်။ an_7210855အင်တာနက် လူမှုရေးကွန်ရက်ဖြစ်တဲ့ တွစ်တာ စာမျက်နှာမှာ အားလုံးကို ပျော်ရွှင်တဲ့ ခရစ္စမတ် ဖြစ်ပါစေလို့ ဆုတောင်းရင်း စေစပ်တဲ့အကြောင်းကို လော်ရာထရော့က ကြေညာပါတယ်။ ဘော်တန်မှာ နေထိုင်တဲ့ ကင်နီက ပီကင်းအိုလံပစ်ပွဲစဉ်မှာလည်း ရွှေတံဆိပ် ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဂလက်စကိုမှာ ကျင်းပတဲ့ ဓနသဟာယပြိုင်ပွဲမှာတော့ ၂ ဦးစလုံးက အင်္ဂလန် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သလို ထရော့က ရွှေတံဆိပ်နဲ့ ကင်နီက ငွေတံဆိပ် ဆွတ်ခူး ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up