A d v e r t i s e m e n t With Us

အိမ်ဈေးနှုန်းမြင့်တက်မှုကြောင့် အစ္စရေးနိုင်ငံသားများ ဂျေရုဆလင်ကို ပြောင်းရွှေ့

အစ္စရေးနိုင်ငံတွင်း အိမ်ဈေးနှုန်း ဆက်လက် မြင့်တက်နေလို့ သိမ်းပိုက်ခံ အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းကို ဝင်ငွေနည်းတဲ့သူတွေနဲ့ ဝင်ငွေအဆင့် အလယ်အလတ်တန်းမှာ ရှိတဲ့ အစ္စရေးနိုင်ငံသားတွေ အများအပြား ပြောင်းရွှေ့ခဲ့ပါတယ်။ လတ်တလောနှစ်တွေအတွင်း ကမ္ဘာ့တလွှား ချမ်းသာတဲ့ ဂျူးလူမျိုး စီးပွားရေးသမားတွေက အစ္စရေးရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ လာခဲ့ကြလို့ အစ္စရေးနိုင်ငံက အိမ်ဈေးဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ Israelပြောင်းရွှေ့အခြေချမှုဟာ ဂျေရုဆလင်ကနေ ၁၀ ကီလိုမီတာ ဝေးပြီး ပါလက်စတိုင်းရွာတွေနဲ့ နီးပါတယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတွေကတော့ “အစ္စရေးနိုင်ငံရဲ့ မြို့ကြီးတွေရဲ့ ပျမ်းမျှ အိမ်ဈေးက အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်မှာ ရှိတဲ့ အခြေချရပ်ကွက်တွေက ဈေး ထက် အများကြီး ပိုများတယ်။ ဈေးနှုန်းကွာခြားမှုက ဝင်ငွေနည်းနဲ့ ဝင်ငွေ အလတ်တန်းစားတွေရဲ့ ရွေးချယ်မှုအတွက် အဓိကအကြောင်းပြချက်ပဲ” လို့ ပြောပါတယ်။ တူညီတဲ့ အခင်းအကျင်းအတွက် ဂျူးရပ်ကွက်က ဈေးနှုန်းနဲ့စာရင် အာရပ်ရပ်ကွက်က ဈေးနှုန်းက တဝက်ကျော် လျော့နည်းတယ်လို့ အိမ်ခြံမြေအကြံပေး တယောက်က ပြောပါတယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်းအများစုက အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက် ကမ်းဟာ အနာဂတ်မှာ ပါလက်စတိုင်းနိုင်ငံက ပိုင်မယ်လို့ စဉ်းစားကြတာပါ။ ဒါပေမယ့် အစ္စရေးအစိုးရကတော့ ဂျူးအခြေချ နေထိုင်သူတွေကို အဲဒီဒေသ ၂ ခုမှာ နေရာချမှုကို ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး။ ဒီအချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အကြီးအကျယ် အဟန့်အတား ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up