မန်စီးတီးနှင့် အငှားစာချုပ်သက်တမ်းတိုးရန် လမ်းပတ် သဘောတူဟုဆို

1.5K
ဝါရင့် ကွင်းလယ်သမား လမ်းပတ်ဟာ မန်စီးတီးနဲ့ အငှားစာချုပ်သက်တမ်း ထပ်တိုးဖို့ သဘောတူလိုက်ပြီလို့ ဗြိတိသျှမီဒီယာတွေမှာ ရေးသားထားပါတယ်။
ကာယကံရှင် လမ်းပတ်ကတော့ သူ့အနာဂတ်အတွက် ဆုံးဖြတ်ချက် မချရသေးဘူးလို့ မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း လမ်းပတ်အနေနဲ့ အသင်းနဲ့ ဆက်နေဖို့ များတယ်လို့ ခန့်မှန်းထားပါတယ်။
ကွင်းလယ်သမား ရာရာ တိုရေး လက်ရွေးစင် တာဝန်နဲ့ အာဖရိကကို ပြန်သွားတဲ့အတွက် မန်စီးတီးက လမ်းပတ်ကို အသင်းမှာ ဆက်နေဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။
ကွင်းလယ်သမားရဲ့ အငှားစာချုပ်သက်တမ်းဟာ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သက်တမ်း ပြည့်မှာပါ။
အသက် ၃၆ နှစ်အရွယ် ချဲလ်ဆီး ကစားသမားဟောင်းဟာ ဒီနှစ်ရာသီမှာ အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကနေ အငှားနဲ့ လာရောက် ကစားပြီး စီးတီအတွက် ခြေစွမ်းပြနေတာပါ။ သူဟာ မန်စီးတီးအတွက် ကစားပေးထားတဲ့ ၁၅ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။
