A d v e r t i s e m e n t With Us

အသက် ၁၀၀ နှင့်အထက် ဘိုးဘွားများကို နိုင်ငံတော်က ထောက်ပံ့မည်

နို်င်ငံတ၀န်းမှာရှိနေတဲ့ အသက် ၁၀၀ နဲ့ အထက် ဘိုးဘွားတွေကို နိုင်ငံတော် သမ္မတက လာမယ့် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်ရဲ့ ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းနဲ့ အထောက်အပံ့တွေ ပေးအပ်မှာ ဖြစ်ပါတယ်။ womenစုစုပေါင်း ဘိုးဘွား ၅၆၉ ယောက်ရှိပြီး အဘိုး ၁၆၉ ယောက်နဲ့ အဘွား အယောက် ၄၀၀ ဖြစ်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ပြီးတော့ အသက် ၁၀၀ ပြည့်ရင် ဂုဏ်ပြုမှတ်တမ်းနဲ့ အထောက်အပံ့တွေပေးတာကို ဆက်ဆောင်ရွက်သွားမှာဖြစ်လို့ အထောက်အထားတွေနဲ့အတူ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့တွေကတဆင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို အကြောင်းကြားဖို့လည်း ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up