A d v e r t i s e m e n t With Us

ဒေါ်ခင်ဝင်း အပစ်ခံရမှု အစိုးရ ဖြေရှင်းပေးရန် ပြည်တွင် ထိုင်သပိတ်ပြုလုပ်

လက်ပံတောင်းအဓိကရုဏ်းအတွင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတဲ့သူနဲ့ ဒဏ်ရာရသူတွေအတွက် နိုင်ငံတော်က တာဝန်ယူဖြေရှင်းပေးရေးဖို့ ပြည်မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြပါတယ်။ daw khin win2 copyဗိုလ်ချုပ် မြင်းစီးကျောက်ရုပ်ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ၁၅ ရက်တိုင်အောင် ထိုင်သပိတ်နဲ့ တောင်းဆိုသွား မှာ ဖြစ်ပါတယ်။ ပြည်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ပြီး ၁၅ ရက်အတွင်း လက်ပံတောင်း ကိစ္စကို ဖြေရှင်းမပေးဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြသွားမယ်လို့  ဦးဆောင်သူတဦးက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာလည်း ပြည်ခရိုင်အတွင်းမှာ လက်ပံတောင်း ကိစ္စနဲ့ ပက်သက်လို့ နိုင်ငံရေး အင်အားစုတွေ ဆန္ဒပြ သွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ  မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up