A d v e r t i s e m e n t With Us

ဒဏ်ရာပြဿနာ ဖြင့် ရုန်းကန်နေရသည့် မန်စီးတီး

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်တာ စီးတီးအသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ၀က်ဘရောင်း အသင်းနဲ့ ဒီကနေ့ ကစားရမယ့် မန်စီးတီးအသင်းမှာ တိုက်စစ်မှူး ဆာဂျီရို အဂွယ်ရို၊ အီဒင်ဇက်ကို၊ စတီဗင် ဂျိုဗီတစ်ရှ်ဟာ ဒဏ်ရာကြောင့် ကစားနိုင်မယ့် အခြေအနေမရှိသေးပါဘူး။ ဒါ့အပြင် အသင်းခေါင်းဆောင် ဗင်းဆင့် ကန်ပနီကလည်း တံကောက်ကြောဒဏ်ရာရရှိထားပါတယ်။ ဒါပေမယ့် ခြေထောက်ဒဏ်ရာရထားတဲ့ ကလီရှေးကတော့ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။ အဂွယ်ရို၊ ဇက်ကို၊ ကင်ပနီတို့မပါဘဲ မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၀က်ဘရောင်းကိုတော့ လွယ်လွယ်ကူကူ အနိုင်ရနိုင်ဖွယ်မရှိဘူးလို့လည်း ဗြိတိသျှ ဘောလုံးအရေး ကျွမ်းသူတွေက ခန့်မှန်းထားပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာတော့ မန်စီးတီးအသင်းဟာ ၁၇ ပွဲကစား ၃၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up