A d v e r t i s e m e n t With Us

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော

ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။ [caption id="attachment_74983" align="aligncenter" width="529"]ရုရှားသမ္မတ ပူတင် ရုရှားသမ္မတ ပူတင်[/caption] အာဖဂန် နစ္စတန်ရဲ့အခြေအနေကို စိုးရိမ်ပြီး ရုရှား၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နို်င်ငံတွေ ပါတဲ့ လုံခြုံရေးသဘောတူညီမှု CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်လို့ ပူတင်က မော်စကိုမှာ ကျင်းပတဲ့ CSTO အဖွဲ့ဝင်နိုင်ငံများ ဒီဇင်ဘာ ၂၃ ရက်နေ့ ထိပ်သီးညီလာခံမှာ ပြောပါတယ်။ အာဖဂန်နစ်စတန်နိုင်ငံနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ CSTO အဖွဲ့ဝင်နိုင်ငံတွေက အာရုံစိုက်ထားသင့်ကြောင်း၊ နိုင်ငံတကာတပ်တွေဆုတ်ခွာပြီးရင် ဒေသတခုလုံးအတွက် အစွန်းရောက်အန္တရာယ်နဲ့ မူးယစ်ကုန်ကူးမှုတွေ တိုးလာနိုင်ချေအတွက် အဆင်သင့် ဖြစ်သင့်တယ်လို့ ရုရှားနဲ့ မဟာမိတ်တွေကို ပူတင်က သတိပေးပါတယ်။ အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန်ကြား နယ်စပ်လုံခြုံရေးကို အာရုံစိုက်သင့်ပြီး တာဂျစ်အစိုးရကို လက်နက်ကိုင်တပ်တွေ ခေတ်မီရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့ရမယ်လို့လည်း ပူတင်က ဆိုပါတယ်။ တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်ကလည်း CSTO မဟာမိတ်တွေအနေနဲ့ အာဖဂန်စစ်သွေးကြွတွေနဲ့ မူးယစ်ကုန်ကူးသူတွေဆီက ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်ဖို့ သူ့နိုင်ငံကို ကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up