A d v e r t i s e m e n t With Us

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် အပြင်မထွက်ရအမိန့် ထုတ်ပြန်

ဒီဇင်ဘာလ ၂၄ ရက်နေ့က မျိုးနွယ်စုပြောက်ကျားတပ်လို့ သံသယရှိသူတွေက အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုအတွင်း လူ ၅၁ ယောက် သေဆုံး
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် အာသံပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ အပြင်မထွက်ရအမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က စတင် ထုတ်ပြန်ထားရပါတယ်။ [caption id="attachment_74951" align="aligncenter" width="531"]Tribal plantation workers burn houses belonging to indigenous Bodo tribesmen after ethnic clashes in Balijuri village ဒီဇင်ဘာ ၂၃ ရက်နေ့ တိုက်ခိုက်မှု ပြုလုပ်စဉ်က[/caption] မျိုးနွယ်စုပြောက်ကျားတပ်လို့ သံသယရှိသူတွေက အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုအတွင်း လူ ၅၁ ယောက် သေဆုံးခဲ့အပြီး ခုလို အမိန့်ထုတ်ရတာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့က အချိန် ၁ နာရီအတွင်း ဘိုဒိုလန်း အမျိုးသားဒီမိုကရက်တစ် တပ်ဦးက စစ်သွေးကြွလို့ သံသယရှိသူတွေက နေရာ ၄ ခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ [caption id="attachment_74952" align="aligncenter" width="542"]ထွက်ပြေးလာသည့် မိသားစုအချို့ ထွက်ပြေးလာသည့် မိသားစုအချို့[/caption] စစ်တပ်ဝတ်စုံ ဝတ်ပြီး ရိုင်ဖယ်သေနတ်တွေ ကိုင်ထားတဲ့ သူပုန်တွေက ခြေလျင်လာခဲ့တာလို့ ထွက်ပြေးလာတဲ့ ရွာသားတွေက ရဲတွေကို ပြောပါတယ်။ သူတို့က တဲတံခါးတွေကို ဇွတ်ဖွင့်ခိုင်းခဲ့ပြီး အိမ်တွေကို မီးရှို့ခဲ့ကြတဲ့အတွက် အမျိုးသမီး ၁၀ ယောက်နဲ့ ကလေး ၁၃ ယောက်သေဆုံးခဲ့တယ်လို့ ရဲအရာရှိတယောက်က ဆိုပါတယ်။ ဆိုနစ်ပူရ်မြို့က တခုတည်းသော ဆေးရုံမှာ သေနတ်ဒဏ်ရာနဲ့ လူတွေ စုပြုံနေပါတယ်။ ပြည်ထဲရေးဝန်ကြီး ရာဂ်ျနာ့သ်ဆင်းရ်က အကြမ်းဖက်မှုဖြစ်ခဲ့တဲ့နေရာကို ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေခင်းမှာ သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ မြို့တော် နယူးဒေလီက အာသံ ဘာဝမ်အဆောက်အဦရဲ့ အပြင်ဘက်မှာ လူတွေ စုရုံးပြီး အစုလိုက် လူသတ်မှုကို ဆန့်ကျင် ဆန္ဒပြနေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရားမိုဒီကတော့ တိုက်ခိုက်မှုကို ရှုတ်ချဖို့ အစိုးရ အစည်းအဝေး ကျင်းပနေတာပါ။ အာသံဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဘက်က တရုတ်၊ မြန်မာ၊ ဘူတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ ပြည်နယ်တခုပါ။ ဒေသခံတွေကတော့ ပြည်ထောင်စုအစိုးရဟာ ပြည်နယ်က သယံဇာတတွေကိုတော့ ထုတ်ယူပြီး ပြည်နယ်တိုးတက်မှုကို လျစ်လျူရှုထားတယ်လို့ စွပ်စွဲခဲ့တာ ကြာပါပြီ။ ဝန်ကြီးချုပ် မိုဒီကတော့ ဒေသတွင်း ရထားလမ်းနဲ့ ကားလမ်းတွေ ဖွံ့ဖြိုးအောင် လုပ်မှု အရှိန်မြှင့်မယ်လို့ ကတိပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up