A d v e r t i s e m e n t With Us

ပထမကမ္ဘာစစ် ပြေငြိမ်းခြင်းအထိမ်းအမှတ် ဗြိတိန်နှင့်ဂျာမန်စစ်သားများ ဘောလုံးကစား

အာဖဂန်နစ္စတန်နိုင်ငံရောက် ဗြိတိန်နဲ့ ဂျာမနီစစ်သားတွေဟာ ခရစ္စမတ်ကာလ စစ်ပြေငြိမ်းရေး အထိမ်းအမှတ်အဖြစ် ဘောလုံးကစားခဲ့ကြပါတယ်။ ဒါဟာ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်အတွင်း ၄ လကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့ ရှေ့တန်းက စစ်သားတွေ နော်မန်ကျွန်းမှာ ခရစ္စမတ် သီချင်းတွေသီဆို လက်ဆောင်တွေ ဖလှယ်ပြီး စစ်ပြေငြိမ်းရေး အထိမ်းအမှတ် ဘောလုံးကစားတဲ့ ဖြစ်ရပ်ကို အမှတ်ရစေတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 306598-wwi-truce-christmas700မြို့တော် ကဘူးလ်မှာ ကစားတဲ့ ဒီပွဲမှာ ပါဝင်ကစားတဲ့ စစ်သားတွေကတော့ ဆယ်စုနှစ်ကြာ ပဋိပက္ခကြောင့် ဒဏ်ရာဒဏ်ချက်တွေ ခံခဲ့ရတဲ့ တိုင်းပြည်အတွင်းက ရန်သူ တိုက်ခိုက်ရေးသမားတွေကို မျှော်လင့်ချက် သတင်းစကား ပါးချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ ရယ်မောပျော်ရွှင်နေတဲ့ ဂျာမန်နဲ့ ဗြိတိန်စစ်သားတွေက တိတ်ဆိတ်တဲ့ည သီချင်းတွေကို သီဆိုခဲ့သလို ဓာတ်ပုံတွေကို ရိုက်ယူခဲ့ကြပါတယ်။ ဒီနှစ်အကုန်မှာ တာလီဘန်တွေကို အပြီးသတ် ချေမှုန်းနိုင်ခြင်းမရှိပေမယ့် မဟာမိတ် တိုက်ခိုက်ရေး မစ်ရှင်ဟာ တရားဝင်ပြီးဆုံးမှာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up