A d v e r t i s e m e n t With Us

မြန်မာ့ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်း တရုတ်ဘက်ကို ရောင်းချမှု ပိုများလာ

မြန်မာပြည်က ကျားတွေ၊ ကျားသစ်တွေနဲ့ ရှားပါးတိရစ္ဆာန် အစိတ်အပိုင်းတွေဟာ တရုတ်ဘက်ကို  ရောင်းချမှုတွေ  ဒီနှစ်ပိုင်းတွေအတွင်းမှာ ပိုများလာနေပါတယ်။ သုတေသနအဖွဲ့ဟာ နှစ်ပေါင်း ၂၀ အတွင်း အရောင်းအ၀ယ် အချက်အလက်တွေကို လေ့လာ နှိုင်းယှဉ်ခဲ့ပြီး လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ ၃ ဆကျော် ပိုများလာတယ်လို့ Biological Conservation ဂျာနယ်မှာ ဖော်ပြပါတယ်။ tigerတရုတ်ဘက်ကို ရောင်းတဲ့ ရှားပါးတိရစ္ဆာန် အစိတ်အပိုင်းတွေထဲမှာ ကျားအစိတ်အပိုင်းတွေက ၈၀ ရာခိုင်နှုန်း  ပါဝင်နေပြီး အနည်းဆုံး ကျားအကောင် ၂၀၀ ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးအဖွဲ့က သတ်မှတ်ထားတဲ့ ရှားပါး စာရင်းဝင် ကျားသစ် အကောင် ၄၈၀ လည်း ပါဝင်နေပါတယ်။ မြန်မာပြည်မှာ ကျားနဲ့ ကျားသစ် အစိတ်အပိုင်းကို အရောင်းအ၀ယ်လုပ်တာကို ပိတ်ပင်ထားပေမယ့် နယ်စပ်ဒေသတွေမှာတော့ တရားဝင် အရောင်းအ၀ယ်တွေ ဆက်ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဘက်မှာ ဒီနှစ်ပိုင်းအတွင်း ကျဆင်းသွားပေမယ့် တရုတ်မြန်မာနယ်စပ်မှာတော့ ၈ နှစ်အတွင်း ၃ ဆကျော် ပိုများလာတယ်လို့ ဆိုပါတယ်။ ကျားနဲ့ ကျားသစ်တွေဟာ ဆေးဘက်ဝင်တယ်လို့ တရုတ်တွေက အစဉ်အလာ ယုံကြည်နေတာကြောင့်လည်း တရားမ၀င် အရောင်းအ၀ယ်က တားဆီးမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up