A d v e r t i s e m e n t With Us

အမေရိကန် ရဲအရာရှိ ၇၀၀၀ ၏ ခန္ဓာကိုယ်တွင် ကင်မရာ တပ်ဆင်မည်

အမေရိကန်နိုင်ငံရဲ့ ဒုတိယလူဦးရေ အသိပ်သည်းဆုံးမြို့ လော့စ်အိန်ဂျလိစ်ရဲ့ မြို့တော်ဝန် အဲရစ် ဂါစေ့တီက ၂၀၁၅ မှာ ရဲအရာရှိအယောက် ၇၀၀၀ ကို ခန္ဓာကိုယ်မှာ တပ်ဆင်ရတဲ့ ကင်မရာတွေ တပ်ဆင်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ LA mayor plans cameraတရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုနဲ့ မျှတမှု ပိုရဖို့အတွက် အခုလို လုပ်တာလို့ ဆိုပါတယ်။ မြို့ရဲ့ အစိတ်အပိုင်းတခုမှာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရဲအရာရှိတွေကို ကင်မရာတွေ တပ်ဆင်ပေးခဲ့ပြီး ဒါဟာ ဥပဒေစမိုးမိုးရေးအတွက် ပိုပြီး အကူအညီရတယ်ဆိုတာ ညွှန်ပြနေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ရဲအရာရှိတွေရဲ့ အမူအကျင့်တွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းမယ်ဆိုရင် ဒါဟာ ဥပဒေအာဏာ တည်ရေးအတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်လာမယ်လို့ ရဲချုပ် ချာလီဘက်ခ်က ပြောပါတယ်။ ရဲအရာရှိတွေ တာဝန်ထမ်းဆောင်နေချိန်မှာ အရုပ်ရော အသံကိုပါ မှတ်တမ်းတင်နိုင်တဲ့ ကင်မရာတွေကို ရဲဝတ်စုံမှာ အလွယ်တကူ တပ်ဆင်ထားနိုင်ပါတယ်။ ပြီးခခဲ့တဲ့ သြဂုတ်လက ရဲအရာရှိ အက်ဇ်ဇယ်ဖို့ဒ်ဟာ အာဖရိကန် အမေရိကန် လူငယ်တဦးကို လော့စ်အိန်ဂျလိစ်မြို့မှာ ပစ်သတ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုအတွင်း ရဲအစီရင်ခံစာနဲ့ မျက်မြင်သက်သေတို့ ပြောစကားက မတူခြားနားနေလို့ အမှုဟာ မတိုးသာ မဆုတ်သာ ဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်အတိအကျကို ဖော်ထုတ်ဖို့ ကိုယ်ခန္ဓာမှာ တပ်ဆင်ရတဲ့ ကင်မရာတွေက ကူညီမယ်လို့ ရဲဌာနက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up