ကျည်ဆန်ထိမှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း ဈပန (ဓာတ်ပုံ)



1.4K
လက်ပံတောင်းသပိတ်ကို ရဲအဖွဲ့က လူစုခွဲရာမှာ ကျည်ဆန်ထိမှန် သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို မိုးကြိုးပြင်အလယ်ရွာမှာ ဒီနေ့မှာ ပြုလုပ်ပါတယ်။၊
အနီးအနားကျေးရွာတွေက ရွာသားတွေဟာ ဒေါ်ခင်ဝင်းကို ဂုဏ်ပြုတဲ့ ပိုစတာတွေ ကိုင်ဆောင်ရင်း၊ လက်ပံတောင်းတောင်စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ ကြွေကြော်သံ တိုင်တည်ရင်းနဲ့ ဈာပနအခမ်းအနားကို ချီတက်သွားကြပါတယ်။
အသက် ၅၆ အရွယ် ဒေါ်ခင်ဝင်းဟာ လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ အဓိကရုဏ်းအဖွဲ့က လူစုခွဲတဲ့အချိန် ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့ လက်ပံတောင်းဒေသမှာ သာမက ရန်ကုန်မြို့နဲ့ ပြည်မြို့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
အစီရင်ခံစာကို ၂ ပတ်အတွင်း တင်သွင်းဖို့ စီစဉ်ထားပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအတွက် နစ်နာကြေးပေးသွားမယ်လို့ တိုင်းဝန်ကြီးချုပ် ဦးသာအေးက ပြောထားပါတယ်။
လောလောဆယ် ထိပ်တိုက်တွေ့မှု ဖြစ်စေခဲ့တဲ့ ခြံစည်းရိုးခတ်မှုကို ရပ်တန့်ထားပါတယ်။
တရုတ်အစိုးရကလည်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ စိုးရိမ် ၀မ်းနည်းမိပါကြောင်း၊ ပြသနာကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသွားဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ - Ko Han Win Aung
[gallery ids="74930,74931,74932"]