Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၇၅ ဦး အကျဉ်းကျခံနေရဆဲ
DVB
·
December 25, 2014
မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၅ ဦး အကျဉ်းကျခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန် လိုက်ပါတယ်။ 20130522.152300_jail_reuters_3-620x403၂၀၁၄ ခုနှစ်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၄၄၇ နဲ့ တခြားဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရသူ ၈၅ ယောက် ရှိနေပြီး မြန်မာနိုင်ငံမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၇၅ ယောက် ရှိတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အမှုစစ်ဆေးခံဖို့ စောင့်နေရတဲ့ တက်ကြွလှုပ်ရှားသူ ၁၈၆ ယောက် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၃ နှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား မရှိစေရန် ဆောင်ရွက်ပေးမယ်လို့  သမ္မတ ဦးသိန်းစိန်က ကတိပေးပြော ကြားထားပေမယ့် အခုချိန်ထိ နိုင်ငံရေးအရ ဖမ်းဆီးမှုတွေရှိနေတယ်လို့လည်း ဝေဖန်ထားပါတယ်။ ‘‘၂၀၁၃ နှစ်ဆုံးမှာ နိုင်ငံရေးအကျဉ်းသားအားလုံး အကျဉ်းထောင်တွေကနေ ပြန်လွှတ် ပေးလိုက်ပြီ ဆိုတဲ့ ပြင်ပကမ္ဘာကို ထုတ်ပြန်တဲ့ အစိုးရ ကြေညာချက်ပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒီကြေညာထုတ်ပြန်တွေဟာ ၂၀၁၄ နှစ်စမှာ အကျဉ်းထောင်တွေထဲမှာ ကျန်ရစ်နေဆဲဖြစ်တဲ့ အကျဉ်းသားတွေရဲ့ ဒုက္ခတွေကို မှေးမှိန်သွားစေရုံသာမက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆက်လက် ကန့်သတ်ပိတ်ပင်ခံရမှုတွေနဲ့ အနှောင့်အယှက်ပေး ခံရမှုတွေကို လမ်းကြောင်း လွဲသွားစေခဲ့ပါတယ်” လို့ အေအေပီပီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း တောင်ဒဏ်ချမှတ်ခံရပြီး ပြန်လွတ်လာသူ ၄၇ ဦး ရှိတယ်လို့လည်း အေအေပီပီ ရဲ့ စာရင်းအရ သိရပါတယ်။ အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေအတွင်း  ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၂၈,၆၁၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့  ၂၀၁၃ ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024