A d v e r t i s e m e n t With Us

ညီမကို ထိုးကြိတ် သေဆုံးမှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ရဲစခန်းတွင် အဖမ်းခံ

ကိုမင်းအုပ်စိုး
အတူနေ ညီမ၀မ်းကွဲ မနုနုယဉ် (ခ) တေးနုယဉ်ကို ထိုးကြိတ်ခဲ့ပြီး သေဆုံးသွားတဲ့အတွက် ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်းဟာ ဗဟန်းမြို့နယ် ရဲစခန်းမှာ အဖမ်းခံခဲ့ပါတယ်။ [caption id="attachment_74916" align="alignright" width="352"]ကိုမင်းအုပ်စိုး ကိုမင်းအုပ်စိုး[/caption] ဒီဇင်ဘာ ၂၅ ရက်နေ့မှာ လူမှုရေး ကိစ္စတခုနဲ့ပတ် သက်ပြီး မေးမြန်းစဉ်မှာ အမှန်အတိုင်း ပြောဆိုခြင်း မရှိတဲ့အတွက် စိတ်ဆိုးဒေါသဖြစ်ပြီး လက်သီးဖြင့်ထိုး၊ ဆောင့် တွန်း ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်တဲ့ အတွက် ညီမဖြစ်သူဟာ ကုတင်ပေါ်မှာ လဲကျ ငြိမ်သက်သွားတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒီအတွက်  ဗဟန်းမြို့မရဲစခန်းတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့ အတူ သွားရောက်စစ်ဆေးရာမှာတော့ နေအိမ်အိပ်ခန်းမှာ မနုနုယဉ်ဟာ ဒဏ်ရာများနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသက် ၄၄ နှစ်အရွယ် မင်းအုပ်စိုးကို ပြစ်မှု ပုဒ်မ ၃၀၂နဲ့ အမှုဖွင့် ဖမ်းဆီး စစ်ဆေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up