၂၀၁၄ ခုနှစ်အတွင်း လေလွင့်ကလေးငယ် ၁၂၀၀ ကျော် ထိန်းသိမ်း

ရဲမှူးကြီး ကျော်စိုး
3.4K
ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ လေလွင့်ကလေးငယ် ၁၂၀၀ ကျော်ကို ထိန်းသိမ်းခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနမှူး ရဲမှူးကြီးကျော်စိုးက ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်တွေ၊ ဌာနမှူးတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံပွဲတွင် ပြောကြားခဲ့တာပါ။
[caption id="attachment_74911" align="aligncenter" width="545"]
ရဲမှူးကြီး ကျော်စိုး[/caption]
“ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ကျားကြီးစုစုပေါင်း ၂၂၂ ယောက်၊ မကြီးစုစုပေါင်း ၂၇၈ ယောက်ပါ။ ကျားလေးစုစုပေါင်း ၅၂၀ ဦးပါ။ မလေးစုစုပေါင်း ၁၉၄ ဦးနဲ့ စုစုပေါင်း ၁၂၁၄ ဦးကို ထိန်းသိမ်းထားပြီး အသက်အရွယ်အလိုက် သက်ဆိုင်ရာဌာနကို ပို့ဆောင်ပါတယ်” ဌာနမှူး ရဲမှူးကြီးကျော်စိုးက ဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အရာရှိဦးစီးပြီးတော့ ကားတစ်စီးနဲ့ ရန်ကုန်မြို့တော်အတွင်းမှာ လှည့်လည်ထိန်းသိမ်းပြီး ၂ ပတ် စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
“သက်ဆိုင်ရာဌာန အသီးသီးကို ပို့တဲ့အခါမှာ မွေးစကနေ ၅ နှစ်အထိဆိုရင် ယောက်ျာလေး၊ မိန်းကလေးကို ရွှေဂုံတိုင်ကလေးပြုစုရေးဌာကို ပို့ပါတယ်။ ၆ နှစ်ကနေ ၁၂ နှစ်ထိကို သန်လျင်လူငယ်သင်တန်းကျောင်းကို ပို့ပါတယ်။ ၁၃ နှစ်ကနေ ၁၆ နှစ်အထိကို ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းကို ပို့ပါတယ်။ ၆ နှစ်ကနေ ၁၆ နှစ်ထိ မိန်းကလေးဆိုရင်တော့ ထောက်ကြန့် အမျိုးသမီးသင်တန်းကျောင်းကို ပို့ပါတယ်။ ၁၇ နှစ်အထက် ကျား၊ မများကို ဝါးနက်ချောင်းလူကြီး စောင့်ရှောက်ထိန်းသိမ်းရေးစခန်းကို ပို့ပါတယ်” လို့ ဆက်ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများ ပပျောက်ရေး၊ အခြေအနေမဲ့ လေလွင့်ကလေးငယ်များ ထိန်းသိမ်းရေး ယာယီစခန်းကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။