မူးယစ်မှုဖြင့် တရားစွဲခံရသည့် သားဖြစ်သူကို ထောင် ၃ နှစ်ခန့် ချသင့်ဟု ဂျက်ကီချမ်းပြော

ဂျေစီချမ်းနှင့် ဂျက်ကီချမ်း
2.3K
မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲခံထားရတဲ့ သားအတွက် ရှက်မိသလို ထောင် ၃ နှစ်လောက် ချသင့်တယ်လို့ ဟောင်ကောင် အက်ရှင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းက ပြောပါတယ်။
ဂျက်ကီချမ်းရဲ့သား အသက် ၃၂ နှစ်အရွယ် ဂျေစီချမ်းကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အာဏာပိုင်တွေက တရားစွဲဆိုခဲ့အပြီး ဆင်ဟွာသတင်းကို အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
[caption id="attachment_74908" align="aligncenter" width="522"]
ဂျေစီချမ်းနှင့် ဂျက်ကီချမ်း[/caption]
၂၀၀၉ ခုနှစ်မှာ ဘီဂျင်းမူးယစ်တိုက်ဖျက်ရေး သံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ဂျက်ကီချန်းအတွက်တော့ ဒီဖြစ်ရပ်က ရှက်စရာ ဖြစ်ခဲ့ပါတယ်။
ဒီကိစ္စကို အဆက်အသွယ်တွေသုံးပြီး ၀င်ရောက်စွက်ဖက်သွားမှာ မဟုတ်သလို သား လွတ်လာရင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သံတမန် ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
သြဂုတ်လမှာ ဂျေစီချမ်းကို ထိုင်ဝမ် ရုပ်ရှင်မင်းသားတဦးနဲ့ အတူ သူရဲ့ တိုက်ခန်းမှာ ဘီဂျင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆေးခြောက်သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိပါတယ်။
ထိုင်ဝမ် ရုပ်ရှင်မင်းသားကိုတော့ ၁၄ ရက်အကြာမှာ လွှတ်ပေးခဲ့ပေမယ့် ဂျေစီချမ်းကို ဆက်လက်ဖမ်းဆီးထားပြီး ရာဇ၀တ်မှုတွေနဲ့ စွဲဆိုထားပါတယ်။
ဂျေစီချန်းက မူးယစ်ဆေးဝါး အသုံးပြုတာ ၈ နှစ်လောက်ရှိနေပြီလို့ ပြောဆိုတဲ့အကြောင်း တရုတ် စီစီတီဗွီ သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ဂျေစီခန်းဟာ ရုပ်ရှင်ဇာတ်ကားတော်တော်များများ သရုပ်ဆောင်ထားပြီး သီချင်း အယ်လ်ဘမ် ၃ ခုကိုလည်း ထုတ်ဝေထားပြီးဖြစ်ပါတယ်။
