A d v e r t i s e m e n t With Us

အပစ်ရပ်ရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆောင်ရွက်ရန် ယူအန်အေတောင်းဆို

တနိုင်ငံလုံးအပစ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အလျင်အမြန်ဆောင်ရွက်ဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ (ယူအန်အေ) က တောင်းဆိုလိုက်ပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ) ပထမဆုံး အကြိမ် ညီလာခံကို ရန်ကုန်မှာ ဒီဇင်ဘာာ ၂၂-၂၄ ရက် အထိ ကျင်းပခဲ့ပြီး အချက် ၉ ချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်လိုက်တာလို့ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ပြောပါတယ်။ unaဒါအပြင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ ဖြေရှင်းဖို့၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် အဟန့်အတား ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေး တင်ပြသွားဖို့ကိုလည်း တောင်းဆိုထားပါတယ်။ “တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက ညီလာခံကို နောက်ထပ် တကြိမ် သို့မဟုတ် ၂ ကြိမ် ကျင်းပနိုင်ဖို့ အတွက် ယူအန်အေက ကမကထပြုဆောင်ရွက်နိုင်ဖို့ တာဝန်ပေးတဲ့ ဆုံးဖြတ်ချက်တွေလည်း ပါပါတယ်” လို့ ဦးအေးသာအောင်က ပြောပါတယ်။ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ အနာဂတ် ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ရရှိရေး အတွက် ပြည်ထောင်စု ညီလာခံကို အထောက်အကူပြုမယ့် အကြိုနိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးသွားဖို့တို့လည်း ပါပါတယ်။ လက်ရှိဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအကြမ်းဖက်မှုတွေကို မြေယာပြဿနာ တွေ၊ သယံဇာတ ထုတ်ယူရေး ကိစ္စရပ်တွေကို ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှုရှိစွာ ဖြေရှင်းဆောင်ရွက်သွားဖို့ ဒီမိုကရေစီရေး ဖက်ဒရယ်အရေးကို အောက်ခြေလူထုတွေ ပိုမိုသိရှိဖို့ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီဆွေးနွေးပွဲကို အဖွဲ့ဝင်ပါတီ ၈ ခုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဖွဲ့ဝင်တွေက နိုင်ငံရေး ရည်မှန်းချက် တသွေးတည်း၊ သဘောထား တခုတည်း ရှိတယ်ဆိုတာကို ထုတ်ပြချင်လို့ ညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up