A d v e r t i s e m e n t With Us

ဂျော်ဒန်လေယာဉ် ပျက်ကျမှု အိုင်အက်စ်လက်ချက်မဟုတ်ဟု အမေရိကန်ပြော

ပျက်စီးသွားသည့် ဂျော်ဒန်လေယာဉ်ကို အိုင်အက်စ်အဖွဲ့ ပြသစဉ်
ဆီးရီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ ဂျော်ဒန် လေယာဉ်ဟာ အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ ပစ်ချတာ မဟုတ်ဘူးလို့ အမေရိကန်က ပြောပါတယ်။ [caption id="attachment_74894" align="aligncenter" width="624"]ပျက်စီးသွားသည့် ဂျော်ဒန်လေယာဉ်ကို အိုင်အက်စ်အဖွဲ့ ပြသစဉ် ပျက်စီးသွားသည့် ဂျော်ဒန်လေယာဉ်ကို အိုင်အက်စ်အဖွဲ့ ပြသစဉ်[/caption] ဒီဇင်ဘာ ၂၄ ရက်နေ့ကအက်ဖ် ၁၆  လေယာဉ်ဟာ အိုင်အက်စ်ရဲ့ ပိုင်နက်ထဲမှာ ပျောက်ဆုံးသွားပြီးတဲ့နောက် လေယာဉ်မှူးကို ဖမ်းဆီးခဲ့ပါတယ်။ အိုင်အက်စ်တွေကတော့ ဒီလေယာဉ်ကို သူတို့ ပစ်ချလိုက်တာလို့ ပြောပေမယ့် သက်သေအထောက်အထားတွေအရ ဒါဟာမမှန်ဘူးလို့ အမေရိကန်က ပြောပါတယ်။ ဒါပေမယ့်လည်း လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကိုတော့ အမေရိကန်က ထုတ်ပြန်ခြင်းမရှိပါဘူး။ ဆီးရီးယားက အိုင်အက်စ်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန် မဟာမိတ် အာရပ် ၄ နိုင်ငံဖြစ်တဲ့ ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ ဘာရိန်းတွေနဲ့အတူ ဂျော်ဒန်ဟာလည်း တနိုင်ငံ အပါအ၀င် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up