မြန်မာ-တရုတ် လူကုန်ကူးမှုတားဆီးရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် (ဓာတ်ပုံ)






1.2K
မြန်မာ-တရုတ် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးတရပ်ကို ဒီဇင်ဘာ ၂၄ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အစည်းအဝေးမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးက ဒုဌာနမှူး ရဲမှူးကြီး အောင်ဌေးမြင့်၊ ရန်တိုင်းတိုင်းဒေသကြီး ရဲမှူးကြီးနဲ့ ဒုရဲမှူးကြီးတွေပါဝင်တဲ့ အဖွဲ့နဲ့ တရုတ်နိုင်ငံ ကျန်စီးပြည်နယ်၊ ပြည်သူ့လုံခြုံရေးဦးစီး ဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနမှ ဌာနမှူး Mr. Liu Rihua ဦးဆောင်တဲ့ ကိုယ်စားလှယ် ၆ ဦးတို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ဓာတ်ပုံ - yangon police
[gallery ids="74884,74885,74886,74887,74888,74889"]