A d v e r t i s e m e n t With Us

မလေးရှားတွင် ထောင်နှင့်ချီ ရေဘေးဒုက္ခသည်များကို ဆက်လက်ကယ်ထုတ်

မလေးရှားနိုင်ငံ အရှေ့ပိုင်းကျွန်းဆွယ်မှာ ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေတဲ့ ထောင်နဲ့ချီဒုက္ခသည်တွေကို ဒီဇင်ဘာ ၂၄ ရက်နေ့က ဆက်လက်ကယ်ထုတ်နေရပါတယ်။ ဒီရေက လာမယ့် ၂ ညမှာ ခေါင်ရေရောက်တဲ့အထိ တက်မယ်လို့ မျှော်လင့်ထားလို့ ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ကမ်းပါးတွေ ရှောင်ကြဖို့ ဒေသခံတွေကို သတိပေးထား တယ်လို့ မလေးရှားသတင်းစာ နယူးစထရိတ်တိုင်းမ်စ်က ပြောပါတယ်။ malaysia_flood_0712_13_600_399_100.jpg_1718483346ကေလန်တန်ဒေသမှာ လူ ၂ သောင်းကျော်ကို နေရာရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ ဒေသခံသတင်းတွေက အစီရင်ခံပါတယ်။ မိုးက သည်းကြီးမည်းကြီး မရပ်မနားရွာနေလို့ ပြည်နယ်တလွှား ဆောက်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီကို လူအများအပြား ပြောင်းရွှေ့ နေထိုင်ရပါတယ်။ ဒေသတွင်း လူကြိုက်များတဲ့ သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် နာမည်ကျော်တဲ့ အပန်းဖြေစခန်းဟာ ၁၉၇၁ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှုကို မှတ်တမ်းတင်ခဲ့တယ်လို့ အစိုးရသတင်းဌာန ဘာနာမာက ပြောပါတယ်။ မြစ်ကမ်းပါးတွေကို ရေကျော်ခဲ့အပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က နိုင်ငံခြားသားတွေအပါအဝင် ဧည့်သည် ၈၄ ယောက်နဲ့ ဝန်ထမ်းဆယ်ယောက်တို့ ဘယ်မှ မထွက်နိုင်ဘဲ သောင်တင် နေခဲ့တယ်လို့ အပန်းဖြေစခန်း အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါကြောင့် ဒေသခံ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက လှေတွေ လွှတ်ပေးခဲ့ရပြီး ရဟတ်ယာဉ်ရပ်နားဖို့ ဘေးကင်းတဲ့ မြေနေရာကို ရှာခဲ့ရပါတယ်။ နှစ်စဉ် ရွာနေကျ အရှေ့မြောက် မုတ်သုန်ရာသီအတွင်း မလေးရှားကျွန်းဆွယ် အရှေ့ပိုင်းဟာ ရေလွှမ်းမိုးခံနေကျပါ။ ဒီနှစ်ထဲမှာတော့ ရေလွှမ်းမိုးမှုကြောင့် လူ ၆ သောင်းနီးပါးကို နေရာရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ ဘာနာမာ သတင်းဌာနရဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up