A d v e r t i s e m e n t With Us

တာလီဘန်များကို နှိမ်နင်းမှုတွင် ကူညီပေးလိုဟု ကမ္ဘာ့လက်ဝှေ့အကျော်အမော် ပြော

ပါကစ္စတန် နွယ်ဖွား  WBC ကမ္ဘာ့ လက်ဝှေ့အကျော်အမော အေမာခန်းက တာလီဘန်တွေ တိုက်ခိုက်ခံခဲ့ရတဲ့ ပါရှဝါမှာ ဖွင့်ထားတဲ့ ကျောင်းတကျောင်းကို ပညာရေးအတွက် အကူအညီပေးဖို့နဲ့ တာလီဘန်တွေကို နှိမ်နင်းတဲ့နေရာမှာ ကူညီမယ်လို့ ကတိပြုလိုက်ပါတယ်။ Amir-Khan-celebrating-vic-007အရင်တပတ်ကပဲ တာလီဘန်တွေက ပါရှာဝါမှာ စစ်တပ်က ဖွင့်ထားတဲ့ ကျောင်းကို ၀င်စီးခဲ့ပြီး ပစ်ခတ်ဖောက်ခွဲခဲ့လို့ ကျောင်းသားအများစု အပါအ၀င် လူ ၁၄၀ ကျော် သေဆုံးခဲ့ပါတယ်။ အစ္စလာမ္မာဘက်က သတင်းစာရှင်းလင်းပွဲမှာ ခန်းက ပါကစ္စတန်မှာ လုံခြုံရေး အခြေအနေ ဆိုးနေပေမယ့် အခြေအနေတွေ လိုက်ကြည့်သလောက် အားကစားနဲ့ ပညာရေး ကဏ္ဍကတော့ တိုးတက်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပါကစ္စတန် အစိုးရနဲ့ တခြား သက်ဆို်င်သူတွေ အားလုံးကို ထောက်ခံသလို၊ အကူအညီလိုရင်လည်း ပေးဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။ ခန်းဟာ အင်္ဂလန်က ဘော့တွန်မှာ မွေးပေမယ့် သူ့မိဘတွေက ပါကစ္စတန် ဖွားတွေ ဖြစ်ပါတယ်။ ခန်းဟာ ပါကစ္စတန် ဒီဇင်ဘာ ၂၄ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး လာရာတဲ့ အကြောင်းက “ပါကစ္စတန်ဟာ လုံခြုံတဲ့နေရာ၊ ကျနော်ချစ်တဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာကို ပြသချင်တာပါ” လို့ ခန်းက ပြောပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ကို အရောက်လာဖို့ စေ့ဆော်သလို ဖြစ်ခဲ့ပြီး ကျောင်းတွေကို ပြန်ဆောက်မယ်လို့ ခန်းက ပြောပါတယ်။ ခန်းဟာ အေမာခန်း ဖောင်ဒေးရှင်းကိုလည်း ထူထောင်ထားပြီး ဆင်းရဲသားတွေကို အကူအညီပေးနေသူဖြစ်ပါတယ်။ “ပျက်စီးသွားတဲ့ကျောင်းကို ပြန်ဆောက်ပေးချင်တယ်။ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ နေရာမှာလည်း အကူအညီပေးချင်တယ်” လို့ ခန်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up