A d v e r t i s e m e n t With Us

ဒေါ်ခင်ဝင်းသေဆုံးမှု အမြန်ဆုံးဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ် (ဓာတ်ပုံ)

[gallery ids="74861,74862,74863,74864,74865"] လက်ပံတောင်း အကြမ်းဖက်မှုဖြိုခွင်းရာမှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ နဲ့ သေဆုံးသူအတွက် မီးထွန်းဆုတောင်းပွဲကို ဗကသကျောင်းသား ၃၀ လောက်က ဗိုလ်တစ်ထောင်ဘုရားမှာ ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီလောက်က ပြုလုပ်ခဲ့ပါတယ်။ အလားတူ လသာမြိ့နယ်လမ်း ၂၀ တရုတ်ဘုံကျောင်းရှေ့မှာ မျက်နှာဖုံးစွပ်ထားသူတဦးက မနေ့ညနေ ၅ နာရီလောက်မှာ လက်ပံတောင်းဒေသရှိ ပြည်သူတွေကို အကြမ်းဖက်တဲ့ အစိုးရနဲ့ တရုပ်ဝမ်ပေါင်ကုမ္ပဏီကို ရှုတ်ချကြောင်း စာရွက်တွေ ဖြန့်ဝေပြီးတကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါပြင်တရုတ်လူမျိုးတွေရဲ့ သင်္ကေတဖြစ်တဲ့ အ၀တ်နီနဲ့ တရုတ်လူမျိုးတွေ အမင်္ဂလာ အခမ်းအနားမှာအသုံးပြုတဲ့ စာရွက်တွေကို လမ်းမတော်လသာလမ်းတလျှောက် ဖြန့်ကြဲတာတွေ၊ မီးရှို့တာတွေကိုလည်း လုပ်ခဲ့ပါတယ်။ သတင်း ဓာတ်ပုံ အိမမမွန်

A d v e r t i s e m e n t With Us

More News
Up