A d v e r t i s e m e n t With Us

ဇန်န၀ါရီဈေးကွက် ကစားသစ်များ ထပ်ဝယ်မည်ဟု လီဗာပူးနည်းပြပြော

လီဗာပူးအနေနဲ့ လာမယ့် ဇန်န၀ါရီဈေးကွက်မှာ ကစားသမားအသစ်တွေ ထပ်ပြီး ၀ယ်ယူ သွားဖို့ ရှိနေတယ်လို့ နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောဆိုလိုက်ပါတယ်။ စတုတ် တိုက်စစ်မှူး ပီတာ ချက်နဲ့ ချဲလ်ဆီး တိုက်စစ်မှူး တော်ရက်စ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက် နေတယ်ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။ [caption id="attachment_74855" align="aligncenter" width="599"]Brendan_Rodgers_2360702b လီဗာပူးနည်းပြ[/caption] လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ပေါင် သန်း ၁၀၀ ကျော် သုံးစွဲထားပါတယ်။ ကစားသမားအသစ် ထပ်ခေါ်ဖို့ ရှိပေမယ့် ဘယ်သူတွေကို ခေါ်မယ်ဆိုတာကတော့ မပြောနိုင်သေးဘူးလို့ နည်းပြ ရော်ဂျာက ပြောပါတယ်။ လီဗာပူးဟာ တိုက်စစ်မှူး ဆွာရက် ထွက်သွားပြီး နောက်ပိုင်းနဲ့ စတောရစ် ဒဏ်ရာရနေတဲ့အချိန်တွေအတွင်း တိုက်စစ်မှာ ဂိုးတွေ ရဖို့အတွက် ရုန်းကန်နေရတာပါ။ လက်ရှိ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဘာလိုတယ်လီ၊ လမ်းဘတ်နဲ့ ဘိုရီနီတို့ ၃ ယောက်လုံးဟာ အသင်းအတွက် ၄ ဂိုးပဲ သွင်းယူပေးနိုင်သေးတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up