A d v e r t i s e m e n t With Us

လိပ်ကျွန်းလူသတ်မှု လူသက်သေရရှိရေး အစိုးရကူညီပေးမည်

ဓာတ်ပုံ - Bangkok Post
လိပ်ကျွန်းလူသတ်မှုအတွက် လိုအပ်တဲ့ လူသက်သေရရှိရေး မြန်မာအစိုးရက ကူညီလုပ် ဆောင်ပေးမှာဖြစ်သလို ငွေကြေးနဲ့ လိုအပ်တာတွေကို အမျိုးသားလွှတ်တော်က ကူညီပေး မယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။ [caption id="attachment_73258" align="aligncenter" width="620"]ဓာတ်ပုံ - Bangkok Post ဓာတ်ပုံ - Bangkok Post[/caption] ထိုင်းတောင်ပိုင်း လိပ်ကျွန်းအမှုနဲ့ပတ်သက်လို့ ဖွဲ့ထားတဲ့  မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေဟာ   မြန်မာပြည်ခရီးစဉ်အတွင်း အုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေကို   ဆွေးနွေးခဲ့ရာမှာ အရေးကြီးတဲ့ ရလဒ်တွေ ရရှိခဲ့တာလို့ အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။ အထူးအဖွဲ့ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို သတင်းစာရှင်းလင်းပွဲတွေလုပ်ဆောင်ခဲ့ပြီး နောက်ရက်တွေမှာ လိုက်လံတွေ့ဆုံခဲ့ကြတာလို့ သူက ပြောပါတယ်။ “ပထမဆုံး ဒီဇင်ဘာ  ၁၉ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ အစည်းအဝေးလုပ်ပြီး သူတို့က ကျနော်တို့ လိုအပ်တဲ့အခက်အခဲ ငွေရေးကြေးရေးကအစ အကုန်လုံး အကူအညီပေး မယ်ဆိုတဲ့ သဘောထားပေးတယ်၊နောက်ပြီးတော့ နေပြည်တော်မှာ သမ္မတရုံးဒုဝန်ကြီး ဦး အောင်သိန်း ခေါင်းဆောင်တဲ့ သမ္မတရုံးအဖွဲ့နဲ့တွေ့တယ်၊ အစိုးရအနေနဲ့ ကျနော်တို့ သက် သေသွားရှာမယ့် ပြည်နယ်တိုင်းအစိုးရတွေကို စာရေးပေးပို့ပြီး လိုအပ်တာတွေ အစစ ကူညီလုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။” အမှုနဲ့ပတ်သက်တဲ့ သက်သေအများစုဟာ တနင်္သာရီတိုင်းမှာရှိနေပြီး သွားရောက် တွေ့ဆုံမယ်လို့ ဆိုပါတယ်။ လိပ်ကျွန်းလူသတ်မှုနဲ့ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ အမှုကို ဒီဇင်ဘာ၂၆ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ရှိနေပြီး သူတို့ရဲ့ မိဘသားချင်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် အမှု ၇ မှုနဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up