A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ် စစ်အစိုးရလက်ထက် ဒုဝန်ကြီးဟောင်းကို သေဒဏ်စီရင်

ဆိုင်းယဒ် မိုဟာမက် ကိုင်ဇာ (Photo: Rashed Shuman)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ရာဇဝတ်မှုခုံရုံးက စစ်အစိုးရလက်ထက် ဒုဝန်ကြီးဟောင်းကို လွန်ခဲ့တဲ့ နှစ် ၄၀ က လွတ်လပ်ရေးတိုက်ပွဲအတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က သေဒဏ်စီရင်လိုက်ပါတယ်။ [caption id="attachment_74835" align="aligncenter" width="670"] ဆိုင်းယဒ် မိုဟာမက် ကိုင်ဇာ (Photo: Rashed Shuman) ဆိုင်းယဒ် မိုဟာမက် ကိုင်ဇာ (Photo: Rashed Shuman)[/caption] အသက် ၇၃ နှစ်အရွယ် ဆိုင်းယဒ် မိုဟာမက် ကိုင်ဇာဟာ ၁၉၇၁ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရယူခဲ့တဲ့ တိုက်ပွဲအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လူသတ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုစတဲ့ အမှုပေါင်း ၁၆ မှုထဲက ၁၄ မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာလို့ ရှေ့နေတွေက ပြောပါတယ်။ ၁၉၄၇ ခုနှစ်က ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်ချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ကျောထောက်နောက်ခံပေးမှုကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ဝါဒီတွေနဲ့ ပါကစ္စတန်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လွတ်လပ်ရေး ရယူခဲ့ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲအတွင်း လူ ၃ သန်း သေဆုံးပြီး ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ တရားဝင်ကိန်းဂဏန်းတွေက ဆိုပါတယ်။ အစိုးရရှေ့နေ တူရင်းအဖ်ဖရော့ဇ်ကတော့ “ဒီနေ့ စီရင်ချက်အရ အပြစ်ရှိတဲ့အမှု ၁၄ မှုထဲမှာ ၇ မှုအတွက် သေဒဏ်၊ ၄ မှုအတွက် မသေမချင်း ထောင်ဒဏ်တသက်တကျွန်းနဲ့ ၃ မှုအတွက် ၅ နှစ်၊ ၇ နှစ်နဲ့ ၁၀ နှစ်စီ ထောင်ဒဏ်အသီးသီး ချမှတ်တယ်” လို့ သတင်းထောက်တွေကို တရားရုံးအပြင်ဘက်မှာ ပြောပါတယ်။ ၂၀၁၀ ခုနှစ်ကစတဲ့ တရားရုံးကြားနာမှုတွေကို လက်ရှိ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပံ့ပိုးပါတယ်။ တရားစွဲခံရသူ ၁၅ ယောက်ထဲက ၁၃ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး တယောက်ကိုတော့ သေဒဏ်စီရင်ပြီးပါပြီ။ အတိုက်အခံတွေကတော့ ဝန်ကြီးချုပ်ဟာ တရားရုံးကို ခုတုံးလုပ်ပြီး အတိုက်အခံတွေကို နှိမ်နင်းနေတယ်လို့ ပြောပြီး အစိုးရက စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up