A d v e r t i s e m e n t With Us

ဟောင်ကောင်အဆင့်မြင့်အရာရှိဟောင်းကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၇ နှစ်ခွဲချ ဒီဗွီဘီ

ဟောင်ကောင်အုပ်ချုပ်ရေးမှူးရဲ့ အတွင်းရေးမှူးချုပ်ဟောင်း ရာဖယ်လ်ဟွေကို အဂတိလိုက်စားမှုနဲ့ လုပ်ပိုင်ခွင့် အလွဲသုံးမှုအတွက်  ဟောင်ကောင်တရားရုံးချုပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ [caption id="attachment_74830" align="aligncenter" width="666"]hong-kongs-former-chief-secretary-rafael-hui ရာဖယ်လ်ဟွေ[/caption] ဒါအပြင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရကို ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁.၄၃၇ သန်း ပေးဆောင်ဖို့ ကိုလည်း အမိန့်ချမှတ်ခံရပါတယ်။ သူ့ကို အဂတိလိုက်စားမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု ၅ မှုနဲ့ တရားစွဲခဲ့ပြီး သူဟာ ဟောင်ကောင်သမိုင်းမှာ လာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း စီရင်ခံရတဲ့ ရာထူးအမြင့်ဆုံး အရာရှိ ဖြစ်လာပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်လ်တန်က သူရဲ့ ညာလက်ရုံးဟောင်း ကို သက်ညှာဖို့ အသနားခံမှုတွေ အပါအဝင် ငြင်းခုံလျှောက်လဲချက်တွေကို လက်ခံ စဉ်းစားအပြီး ခုလို ပြစ်ဒဏ်စီရင်တာလို့ တရားသူကြီးက ပြောပါတယ်။ ဟောင်ကောင်တက္ကသိုလ် ဒုအဓိပတိကလည်း ဟွေရဲ့ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးပြုခဲ့မှု အများအပြားကို ဖော်ပြထားတဲ့ စာတစောင် တရားရုံးကို ပေးပို့ ခဲ့ပါတယ်။ ဟွေကို ဟောင်ကောင်ဒေါ်လာ ၈.၅ သန်း လာဘ်ပေးမှုအတွက် ဆန်းဟွမ်ကိုင် အိမ်ခြံမြေလုပ်ငန်းရှင် သောမတ်စ်ကွက်ကိုတော့ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၅ သိန်း ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။ ဒီအမှုမှာ ပါဝင် ဆက်သွယ်ပေးခဲ့တဲ့ သောမတ်စ်ချန်နဲ့ ဖရန်စစ် ကွမ်တို့ကို ထောင်ဒဏ် ၆ နှစ်နဲ့ ၅ နှစ် အသီးသီး ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။ ဒီတရားစီရင်မှုဟာ ဟောင်ကောင်သမိုင်းမှာ အဆင့်မြင့်ဆုံး အရာရှိတွေရဲ့ အဂတိ လိုက်စားမှုကို စီရင်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up