A d v e r t i s e m e n t With Us

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ပအိုဝ်းတိုင်းရင်းသား ၅၀၀၀ ခန့် ဆန္ဒပြ (ဓာတ်ပုံ)

ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ အခွင့်အရေးရရှိရေးနဲ့  ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ပအိုဝ်း တိုင်းရင်းသား ၅ ထောင်လောက် တောင်ကြီးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့နဲ့ တောင်းဆိုချက်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ ဆန္ဒဖော်ထုတ်ပွဲကို တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ ဟိုပုံးက ပအိုးဝ် လူမှုအဖွဲ့အစည်းတွေလည်း ပါဝင်ခဲ့ကြတယ်လို့ ပအိုးဝ် အမျိုးသားအဖွဲ့ချုပ် ရုံးအဖွဲ့က ခွန်တင်ထွန်းက ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်တာတွေ မြန်မာပြည်အနှံ့ မကြာခဏဖြစ်ပေါ်နေပြီး ပအိုဝ်း တိုင်းရင်းသားတွေ ဆန္ဒဖော်ထုတ်တာကတော့ ပထမဆုံး ဖြစ်ပါတယ်။ [gallery ids="74819,74820,74821,74822,74823"]

A d v e r t i s e m e n t With Us

More News
Up