A d v e r t i s e m e n t With Us

ဆရာထင်လင်းဦး အမှုရုံးထုတ်၊ တရားလိုစစ်ဆေး

ဓာတ်ပုံ - Kyaw Moe Hlaing
သာသာနာညှိုနွမ်းစေမှုအပါအ၀င် ပုဒ်မနှစ်ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်း ဦးအမှုကို ဒီကနေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး တရားလို မြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေး (လ၀က) ဦးစီးမှူး ဦးထွန်းခိုင်ကို  စစ်မေးပါတယ်။ [caption id="attachment_74092" align="aligncenter" width="679"]ဓာတ်ပုံ - Kyaw Moe Hlaing ဓာတ်ပုံ - Kyaw Moe Hlaing[/caption] ဦးထင်လင်းဦးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက “အဲဒီနေ့က ဆရာထိန်လင်းဦးတို့ ဟောပြောပွဲမှာ ပြောသွားတဲ့အချက်တွေဟာ သူတပါးကိုးကွယ်တဲ့ ဘာသာ သာသနာကို ညစ်နွမ်းအသရေပျက်အောင် ပြောတဲ့အချက်တွေ ပါပါတယ်ဆိုပြီးတော့ တရားစွဲတာကို တရားလိုက ထွက်သွားပါတယ်”  လို့ ပြောပါတယ်။ ချောင်းဦးမြို့နယ်မှာ သာသနာရေးဦးစီးဌာနရုံးမဖွင့်ရသေးတဲ့အတွက်  သာသနာရေး ဦးစီးမှူး ကိုယ်စား လ၀က ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ် စွဲဆိုခဲ့တာပါ။  ဦးထွန်းခိုင်ဟာ ဟောပြောပွဲနေ့က အခြေအနေကို ကိုယ်တိုင်မသိပေမယ့် ချောင်းဦးမြို့နယ်သံဃ နာယက အဖွဲ့ရဲ့  အစည်းအဝေးဆုံးဖြတ်ချက်အရ  သာသနာနာရေးဦးစီးမှူးက တရားလိုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုဟာ  ပုဂ္ဂိုလ် တဦးခြင်းနဲ့ပဲ သက်ဆိုင်ပြီး ဘယ်နိုင်ငံရေး ပါတီနဲ့မှ သက်ဆိုင်မှုမရှိဘူး ဆိုတာလည်း နှစ်နာရီကြာ မေးမြန်းချက်မှာ ထွက်ဆိုသွားတယ်လို့ဆိုပါတယ်။ ပုဒ်မ၂၉၅ (က)ဟာ အာမခံမပေးနိုင်တဲ့ပုဒ်မဖြစ်ပေမယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးခွင့်ရှိတဲ့အခြေအနေကြောင့် လျောက်ကြားရာမှာ ပယ်ချခံခဲ့ရ တယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ အာမခံရတာနဲ့ သံဃာတော်တွေကို ၀န်ချတောင်းပန်ဖို့ ရှိသလို ဦးထင်လင်းဦး ဟောပြောတဲ့ အချက်ကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ သူက ပြောပါတယ်။ ပထမတကြိမ်ရုံးထုတ် (ဒီဇင်ဘာ ၁၇ ရက်) တုန်းကလို မဘသ ဘုန်းကြီးတွေ ဒီကနေ့ လာရောက်တာ မတွေ့ရဘူးလို့ ရှေ့နေက ပြောပါတယ်။ “ကနေ့ကတော့ဗျာ ပထမဆုံးနေ့တုန်းက မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း) ဘုန်းကြီးတွေ လာပြီးတော့ အနိုင်အထက် ဖိအားပေးတယ်ကြားလို့ ကနေ့တော့ လူတွေကအများကြီးပါ။ ဦးထင်လင်းဦးကို ထောက်ခံတဲ့သူတွေရော။ နောက် မန္တလေးက မြ၀တီဆရာတော် ဦးအရိယာဝံသ ကိုယ်တိုင်ပါလာပြီးတော့ အဲဒီကိတ်စတွေ ရှင်းလင်းတော့ အကုန်လုံး ကြက်ပျောက် ငှက်ပျောက် ပြေးကုန်ကြတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ  ဟောပြောချက်နဲ့ပတ်သက်လို့  ဘာသာသာသနာ ယုံကြည်မှုကို စော် ကားမှု ပုဒ်မ ၂၉၅ ( က)၊ ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈  တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up