A d v e r t i s e m e n t With Us

နေတိုးအဖွဲ့ဝင်ဖြစ်ရေးအဆို ယူကရိန်းပါလီမန် သဘောတူ

ယူကရိန်းသမ္မတ (လယ်)
ယူကရိန်းနိုင်ငံရဲ့ အရင်က ကိုင်စွဲခဲ့တဲ့ ကြားနေနိုင်ငံမူဝါဒကို ဖျက်သိမ်းပြီး နေတိုးအဖွဲ့ဝင် ဖြစ်ရေးအဆိုကို ယူကရိန်းပါလီမန်က ဒီဇင်ဘာ ၂၃ ရက်နေ့က တညီတညွတ်တည်း ထောက်ခံမဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံက အခုလို ပြောင်းလဲရပ်တည်လိုက်တာအပေါ် ရုရှားနိုင်ငံက ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။ [caption id="attachment_74799" align="aligncenter" width="624"] ယူကရိန်းသမ္မတ (လယ်) ယူကရိန်းသမ္မတ (လယ်)[/caption] ဒီရပ်တည်ချက် ပြောင်းလဲမှုဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမှာ ဖြစ်ပြီး ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး ပိုတင်းမာလာဖို့ပဲ ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီအ် လက်ဗရော့ (Sergei Lavrov) က ပြောဆိုလိုက်ပါတယ်။ ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ် ဘယ်တော့ လျှောက်မယ်ဆိုတာ အသေအချာ မသိရသေးပေမယ့် ကြာတော့ ကြာဦးမယ်လို့ သုံးသပ်ကြပါတယ်။ ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေကို ရုရှားနိုင်ငံက ထောက်ပံ့နေလို့ ယူကရိန်းနိုင်ငံ ကလည်း နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးစားရတာလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့က အဆိုကို ယူကရိန်းပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့တာမှာ ထောက်ခံမဲ ၃၀၃ မဲ၊ ကန့်ကွက်မဲ ၈ မဲနဲ့ အပြတ်အသတ် ထောက်ခံ အတည်ပြုခဲ့တာပါ။ ကြားနေမူဝါဒကို ရုရှားနိုင်ငံရဲ့ ဖိအားနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ယူကရိန်းနိုင်ငံက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ဒီအတွက်ကြောင့် ရုရှားနိုင်ငံက ပြတ်ပြတ်သားသားပဲ ဆန့်ကျင်ခဲ့ပါတယ်။ ရုရှားဝန်ကြီးချုပ် ဒီမီထရီ မာဗီဒဗ် (Dmitry Medvedev)က သူရဲ့ ဖေဘွတ်စ်အင်တာနက်စာမျက်နှာမှာ “ယူကရိန်းနိုင်ငံက အခုလို ကြားနေမူဝါဒကို ပစ်ပယ်ခဲ့တဲ့အတွက် ဆိုးဝါးတဲ့အကျိုးဆက်တွေ ရရှိလိမ့်မယ့်အပြင် နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားမှုဟာ ရုရှားရဲ့ စစ်ရေးပြိုင်ဘက်ဖြစ်ဖို့ ကြိုးစားမှု ဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ ပြောခွင့်ရကတော့ ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ နှစ်နဲ့ ချီ ကြာအုံးမှာ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ပြောဆိုခဲ့ပါတယ်။ တချို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့ သိပ်လိုလိုလားလား မရှိကြဘူးလို့လည်း သတင်းတွေမှာ ရေးသားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up