A d v e r t i s e m e n t With Us

တိမ်းရှောင် တရုတ်အရာရှိဟောင်း အဂတိလိုက်စားမှုဆိုင်ရာစွဲချက် ရင်ဆိုင်တော့မည်

ဝမ်ကိုချန် (လယ်) Photo/CNS
တရုတ်ကွန်မြူနစ်ပါတီ အရာရှိဟောင်းနဲ့ လျောင်နင်ပြည်နယ် ဖန်ချန်မြို့ ပါတီအတွင်းရေးမှူးဟောင်း ဝမ်ကိုချန်ဟာ အမေရိကန်မှာ ၂ နှစ်ခွဲ တိမ်းရှောင်နေရာက အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ပီကင်းမြို့တော် တရားသူကြီးထံ သူကိုယ်သူ အပ်နှံလိုက်ပါတယ်။ [caption id="attachment_74790" align="alignright" width="450"]ဝမ်ကိုချန် (လယ်) Photo/CNS ဝမ်ကိုချန် (လယ်) Photo/CNS[/caption] တရားသူကြီးတွေကတော့ ဝမ်ကိုချန် ပြန်လာမှုအတွက် အမေရိကန်ရဲ့ ထောက်ပံ့ ကူညီမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ ဝမ်ဟာ ပီကင်း နိုင်ငံတကာလေ ဆိပ်ကို ရောက်ရောက် ချင်းမှာ စည်းကမ်း ထိန်းသိမ်းရေး အရာရှိတွေဆီ သူကိုယ်သူ အပ်အပြီး ဝန်ခံစာကို ရိုးရိုးသားသား ပေးအပ်ပြီး တရားရေးနဲ့ စည်းကမ်းပိုင်းအရ တာဝန်ယူသင့်တာ အားလုံးကို တာဝန်ယူမယ်လို့ တရုတ် နိုင်ငံပိုင် စီစီတီဗွီရုပ်သံ သတင်းဌာနကို ပြောပါတယ်။ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးဗျူရို ခေါင်းဆောင် ဖုကွေ့ကတော့ “ဝမ် ပြန်လာမှုဟာ ဘယ်လို အဂတိလိုက်စားမှုကိုမဆို တရုတ်ကွန်မြူနစ်ပါတီ  (စီပီစီ)ရဲ့ လုံးဝသည်းမခံတဲ့မူဝါဒနဲ့ ဘယ်နေရာမှာ ရှိနေပါစေ။ အကျင့်ပျက်အရာရှိအားလုံး နောက်ကို လိုက်နိုင်စွမ်းရှိတယ်ဆိုတာ ပြသလိုက်တာ ဖြစ်တယ်။ နိုင်ငံခြားကို ရောက်နေတဲ့ ဝရမ်းပြေးအားလုံးကိုလည်း လမ်းမှားကနေ ပြန်လာပြီး အမြန်ဆုံး အဖမ်းခံဖို့ အကြံပြုတယ်” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up