A d v e r t i s e m e n t With Us

ထိုင်းဆူနာမီကပ်ဘေး သေဆုံးမြန်မာအလောင်းများကို မိသားစုဝင်များ မယူသေး

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဆူနာမီကပ်ဘေးအတွင်း သေဆုံးသွားတဲ့  မြန်မာအလောင်း ၂၆ လောင်းကို အခုအချိန်အထိ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေက မယူသေးဘူးလို့ သဘာဝကပ်ဘေးကြောင့် သေဆုံးသူတွေကို စိစစ်ရေးဌာန (ဒီဗွီအိုင်) က ပြောပါတယ်။ myanmar  bodyအကြွင်းအကျန်တွေကို တခြားနိုင်ငံပေါင်းစုံက အမည်မသိအလောင်းတွေ၊ ပိုင်ရှင်မရှိတဲ့ အလောင်း ၃၀၀ ကျော်နဲ့အတူ တကွာပါခရိုင်က သုသာန်တခုမှာ မြှုပ်နှံထားပါတယ်။။ မြန်မာအလောင်း ၂၆ လောင်းကို စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပေမယ့် သက်ဆိုင်ရာ မိသားစုတွေက ငွေကြေးပြဿ နာကြောင့် လာမယူကြဘူးလို့ ရဲမှူးကြီး ယူတာပွန်း အင်တာရာဖွန်းက ပြောပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က အိန္ဒိယသမုဒ္ဒရာကြမ်းပြင် ငလျင်လှုပ်ခတ်မှုအရှိန်ကြောင့် ဆူနာမီလှိုင်း ကျရောက်တဲ့အတွက် ထိုင်းနိုင်ငံ အက်ဒမန် ပင်လယ်ကမ်းခြေတလျှောက်မှာ လူပေါင်း ၅၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က အင်ဒိုနီးရှား  ကမ်းလွန်ဒေသမှာ  ပြင်းအား ၉ ကျော်တဲ့ ငလျင်လှုပ်ခဲ့ပြီး ဧရာမ ဆူနာမီလှိုင်းတွေ ပေါ်ခဲ့ပြီး အင်ဒိုနီးရှား၊ သီရီလင်္ကာ၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား ၉ နိုင်ငံဟာ  လူပေါင်း ၂ သိန်း ၂ သောင်း ၆ ထောင့် ၃ ရာကျော် သေဆုံးခဲ့ပါတယ်။။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ဖူးကက်ကမ်းခြေဒေသနဲ့ မြန်မာအလုပ်သမားတွေ ရှိနေတဲ့ ဖန်ငဒေသမှာ ဆူနာမီဒဏ်ကို အဆိုးဆုံးခံစားခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up