အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ အိပ်ခ်ျဒဗလျူဘုရှ်ကို ဆေးရုံတင်

836
အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ အိပ်ခ်ျဒဗလျူဘုရှ်ဟာ အသက်ရှူမ၀တဲ့အတွက် ဟော်စတန် ဆေးရုံကို တင်လိုက်ပါတယ်။
ဘုရှ်ရဲ့ ပြောခွင့်ရ ဂျင်မက်ဂရက်ကတော့ ကြိုတင်ကာကွယ်မှု အနေနဲ့ အသက် ၉၀ အရွယ် ဘွတ်ရှ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက ဆေးရုံတင်လိုက်ရတာ ဖြစ်သလို စစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ချောင်းဆိုးရင်ကြပ်တာနဲ့ ဆက်နွှယ်တဲ့ ရောဂါကို ကုသခံယူဖို့ ဘုရှ်က ဒီဆေးရုံမှာ ၂ လလောက် ဆေးကုသခံယူခဲ့ဖူးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ဆေးရုံက ဆင်းခဲ့ပါတယ်။
နိုဝင်ဘာလက သားဖြစ်သူ သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်နဲ့ ပွဲတခုမှာ နောက်ဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။