A d v e r t i s e m e n t With Us

ယီမင်နိုင်ငံတွင် ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲ

ယီမင်နိုင်ငံရဲ့မြို့တော် ဆာနာက ရှီးယားမွတ်စလင် အယ်လ်ဟူသီအုပ်စုတွေ နေထိုင်ရာ ရင်ပြင်ဟောင်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ဗုံး ၅ လုံး ပေါက်ကွဲလို့ လူ ၁ ဦး သေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ယီမင် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ ဒေသခံတဦးက “ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်မခံသေးပါဘူး။ မျက်မြင်သက်သေတွေကတော့ မနက်အစောပိုင်း ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းပေါ်မှာ လူနည်းနည်းပဲ ရှိနေခဲ့တယ်။ ဗုံးတလုံးကို ဟူသီပြည်သူ့စစ်တယောက်က ဖြုတ်ဖို့ ကြိုးစားနေတုန်း ပေါက်ကွဲခဲ့တာပါ”လို့ ပြောပါတယ်။ People gather at the site of a bomb explosion in Sanaaပေါက်ကွဲမှုတွေကြောင့် အိမ်အတော်များများနဲ့ တချို့ကားတွေ ပျက်စီးခဲ့ပါတယ်။ သေနတ်သမားတွေက ဆာနာမြို့ကို စက်တင်ဘာက သိမ်းပိုက်ခဲ့အပြီး ကာလကြာရှည် လာဘ်စားနေတယ်လို့ သူတို့ကမြင်တဲ့ အစိုးရကို အတင်း နုတ်ထွက်ခိုင်းခဲ့ပြီးတည်းက ဟူသီတွေဟာ ဆွန်နီမွတ်စလင် စစ်သွေးကြွ အယ်လ်ကိုင်းဒါးအုပ်စုနဲ့ မဟာမိတ်တိုင်းရင်းသားတွေကို တိုက်နေခဲ့တာပါ။ ယီမင်နိုင်ငံဟာ ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးအစမှာ ကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ သမ္မတ အလီ အဗ်ဒူလာ ဆာလေးကို ရာထူးက ဆင်းပေးဖို့ လူထုဆန္ဒပြမှုပြီးကတည်းက နိုင်ငံရေးမုန်တိုင်း ထန်ခဲ့ပါတယ်။ စက်တင်ဘာလက ဆာနာမြို့တော်ကို ဟူသီတပ်တွေက သိမ်းယူအပြီး တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up