A d v e r t i s e m e n t With Us

ယူအန်အေ နိုင်ငံရေးညီလာခံ တတိယနေ့ (ဓာတ်ပုံ)

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ၈ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွှတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ)  ရဲ့ နိုင်ငံရေး ညီလာခံတတိယနေ့ကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီမှာ ဒီနေ့ ဆက်လက် ကျင်းပနေပါတယ်။ မနေ့ကတော့ တက်ရောက်လာတဲ့ ပါတီနဲ့ အဖွဲ့အစည်းပေါင်း ၂၀ ကျော်က သဘောထားအမြင်တွေ ဆွေးနွေးခဲ့ပြီး ဒီနေ့မှာ ဘုံသဘောတူညီချက်တွေ ရှာဖွေဖို့နဲ့ နားလည်မှုရဖို့ ကျန်နေသေးတဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးကြမှာပါ။ မနေ့က ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့၊ အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံ တရပ်ပေါ်လာဖို့အပါအ၀င် အချက် ၁၇ ချက်ကို ဆွေးနွေးခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ဆိုတဲ့ ကိစ္စမှာတော့ အားလုံးက သဘောထားတူညီခဲ့ကြပါတယ်။ ညီညွတ်သော တို်င်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ  တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေတွေကို မိတ်ဘက်ပါတီ၊ အဖွဲ့အစည်းတွေနဲ့ ညီလာခံကျင်းပနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ပိုင်စိုး [gallery ids="74751,74752,74753,74754"]

A d v e r t i s e m e n t With Us

More News
Up